Chapter-24

2K 154 11
                                    

Unicode

ဆေးရုံကုတင်ပေါ်တွင်လဲလျောင်းနေသောကောင်လေးတစ်ယောက်။

အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ဖြေးဖြေးမှန်မှန်အသက်ရှူရင်းအိပ်မောကျနေပြီး
မော်နီတာထက်က ‌လှိုင်းတွန့်လေးတွေနဲ့ကိန်းဂဏန်းလေးတွေရယ်ကစိတ်ချရဖွယ်အနေအထားတစ်ခုကိုဖော်ပြပေးနေတယ်။

အပြစ်ကင်းစင်စွာအိပ်နေတဲ့ကလေးပေါက်ရဲ့မျက်နှာလေးက နည်းနည်းဖြူဖျော့ဖျော့ဖြစ်နေသေးပေမယ့် နှုတ်ခမ်းလေးတွေကပန်းနုရောင်လေးရှပ်ပြေးနေတယ်။

ပန်းရောင်နှုတ်ခမ်းနှစ်လွှာကိုတင်းတင်းစေ့ထားတဲ့ကလေးက ရှောင်းကျန့်ရဲ့အသဲသက်ညှာစွာတေးလန်လေးမဟုတ်တဲ့အတိုင်း။

စိတ်ကောက်ရင်Angry bird လေးလိုတွန့်ချိုးသွားတတ်တဲ့မျက်ခုံးသွယ်သွယ်က အခုတော့ပြေပြေလျော့လျော့လေးတန်းလျက်သား။
မျက်လုံးရှည်ရှည်သွယ်သွယ်လေးကသူ့ရဲ့ပတ်ပတ်လည်မှာ၀န်းရံထားတဲ့မျက်တောင်စိပ်စိပ်တို့နဲ့ပနံသင့်နေတယ်။

"ရှောင်းကျန့်ရယ် သားလည်းခနတဖြုတ်အနားယူပါဦး၊၀မ်လေးနားမှာပဲထိုင်နေတာ ဘယ်နှရက်တောင်ရှိနေပြီလဲ"

ကုတင်ဘေးကခုံမှာရိပေါ်မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ရင်းထိုင်နေတဲ့ရှောင်းကျန့်ကို ယွီရင်ကပြောလိုက်ခြင်းပင်။

လတ်တလောအတွင်းဖြစ်ပျက်သွားတဲ့ အခြေအနေတွေကြောင့် ရှောင်းကျန့်ကနိုင်ငံခြားသွားဖို့ကိုဖျက်လိုက်ပြီး ရိပေါ်အနားမှာအချိန်ပြည့်ရှိနေပေးတယ်။

ဒီနေ့နဲ့ဆိုရင် သုံးရက်ရှိပြီ။
ရိပေါ် ပထမတစ်ခေါက်ရှော့ခ်ဖြစ်ပြီးနှလုံးခုန်ခနရပ်သွားတဲ့နေ့တည်းကရှောင်းကျန့်ကရိပေါ်ဘေးကတစ်ဖဝါးမှမကွာပဲထိုင်စောင့်နေတဲ့အပြင် ညအိပ်ချိန်တောင် ကုတင်ဘေးကခုံမှာငုတ်တုတ်အိပ်တယ် ။

ယွီရင်တို့လဲဘယ်လိုမှဖြောင့်ဖျမရတာကြောင့်လက်လျှော့ထားရုံကလွဲပြီးမတတ်နိုင်။

အစာမစားသလို ဆေးလဲမသောက်တာကြောင့်
'မင်းဒီလိုနေ,နေတာကို ရိပေါ်ပြန်သိရင်၀မ်းနည်းမှာပေါ့'လို့ ဘေးကလူတွေဝိုင်းပြောမှ အစာပြန်၀င်လာပြီးဆေးလည်းသောက်တယ်။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now