Chapter-33

2.2K 148 6
                                    

Unicode

ရိပေါ်နိုးလာတော့ ခန္ဓာကိုယ်ကိုသိုင်းဖက်ထားတဲ့လက်တစ်စုံရဲ့နွေးထွေးမှုကမနက်ခင်းကိုလှပစွာနှုတ်ဆက်တယ်။

ရှောင်းကျန့်ရဲ့လက်မောင်းပေါ်ခေါင်းအုံးအိပ်မိနေတာမလို့ တစ်ဖက်လူ နာသွားမှာစိုးတာကြောင့် ရိပေါ်လဲခေါင်းလေးကိုအသာကြွပြီးခေါင်းအုံးပေါ်ပြန်အုံးရင်း မိမိဘေးမှာပက်လက်အ‌နေအထားအတိုင်းအိပ်ပျော်နေတဲ့ရှောင်းကျန့်ရဲ့မျက်နှာကို အသေးစိတ်လိုက်ကြည့်နေမိတယ်။

ခါတိုင်း gelနဲ့သေချာသပ်တင်ထားတတ်တဲ့ဆံသားတွေက အခုကျနဖူးတစ်ဝိုက်မှာခပ်အုပ်အုပ်လေးနေရာယူထားတယ်။

ထူထဲတဲ့မျက်ခုံး ‌နက်မှောင်တဲ့မျက်တောင်စိပ်စိပ်တို့ကရှောင်းကျန့်မျက်၀န်းရဲ့ဆွဲဆောင်မှုကိုအထောက်အပံ့ပြုနေသလို ဖြောင့်စင်းနေတဲ့နှာတံနဲ့ မေးရိုးသွယ်သွယ်က ယောက်ျားပိုပီသစေသယောင်ယောင်။

ပိရိသေသပ်တဲ့နီထွေးထွေးနှုတ်ခမ်းပါးကလည်း ရှောင်းကျန့်ရဲ့ခန့်ညားမှုကိုပိုပြီးပေါ်လွင်စေတယ်။
အဲ့ဒီနှုတ်ခမ်းရဲ့ဘယ်ဘက်အောက်ခြေကမှဲ့နက်လေးကတော့ ရိပေါ်အချစ်ရဆုံးအရာလေးပေါ့။

ရိပေါ် ရှောင်းကျန့်မျက်နှာကိုကြည့်ရင်း ညတုန်းကကိုယ့်အဖြစ်ကိုယ်ပြန်တွေးမိတော့ ရယ်ရမလား၊ငိုရမလားတောင်မသဲမကွဲဖြစ်လာတယ်။

သရဲကြောက်လို့ဆိုပြီး လူနာကုတင်ပေါ်အတင်းတက်အိပ်တဲ့အပြင် ရှောင်းကျန့်ကိုယ်ပေါ်ကိုပါခြေထောက်တွေတင်ထားလိုက်သေးတယ်။
ဒါပေမယ့် အဲ့ဒီသရဲကျေးဇူးနဲ့ပဲ ရှောင်းကျန့်ဘေးမှာအိပ်စက်ခွင့်ရခဲ့သလို မနက်ကျတော့လည်းရှောင်းကျန့်ကရိပေါ်ကိုဖက်ထားလျက်သားအနေအထားအတိုင်းနိုးလာရတယ်လေ။

ဒီရက်တွေမှာရှောင်းကျန့်ရဲ့ဂရုစိုက်မှုတွေကို အသိစိတ်ငြင်းဆန်နေပေမယ့် မသိစိတ်ကလိုချင်နေခဲ့မိတာ။

လွန်ခဲ့တဲ့နှစ်တွေမှာ တစ်ဖက်လူကကိုယ့်ကိုတကယ်မချစ်လို့မှ အခွင့်ရတုန်းထားခဲ့တာကို ကိုယ်ကဘာလို့အတင်းတွယ်ကပ်ချစ်နေရမာလဲဆိုပြီး မုန်းနိုင်ဖို့ကြိုးစားခဲ့တယ်။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now