Chapter-8

2.8K 264 3
                                    

Unicode

ရိပေါ်တစ်ယောက် ဆွဲကြိုးရှာဖို့ တောအုပ်ရှိရာဆီကိုရောက်လာခဲ့တယ်။

လမ်းညွှန်ဆိုင်းဘုတ်တွေကိုကြည့်ရင်း ရေတံခွန်ထံသို့သွားရာ လမ်းတစ်လျှောက်လုံးမှာရိပေါ်ကလွဲ၍ အခြားဘယ်သူမှမရှိ။

အတော်လေးလျှောက်လာပြီးနောက် ရေတံခွန်ဆီရောက်တော့ အလင်းရောင်လုံး၀မရှိတာကြောင့် အမှောင်ကြောက်တတ်သူပီပီ အနည်းငယ်ကြောက်စိတ်၀င်လာမိတယ်။

ဖုန်းမီးဖွင့်ပြီး နေ့လည်ကသွားခဲ့သမျှနေရာတွေမှာဆွဲကြိုးကိုလိုက်ရှာပေမယ့် ဘယ်မှာမှရှာလို့မတွေ့။

"မဟုတ်မှလွဲရော ရေထဲမှာများလား"

ရေထဲကို ဖုန်းမီးနဲ့ထိုးကြည့်တော့
ညအချိန်ဖြစ်တာကြောင့်မလို့ ရေစီးအနည်းငယ်ပိုသန်နေတာကိုတွေ့ရတယ်။

"မတတ်နိုင်ဘူးလေ သတိထားပြီးပဲဆင်းရမှာပေါ့၊ဆွဲကြိုးကိုမရ ရအောင်ပြန်ရှာမယ်"

ဘောင်းဘီအောက်စကို အပေါ်မ,တင်ပြီးရေထဲ တဖြေးဖြေးချင်းဆင်းသွားတော့ အေးစက်နေတဲ့ ရေရဲ့အထိအတွေ့က ခြေဖဝါးမှတစ်ဆင့် ဒူးအထိကိုဝါးမျိုလာတယ်။

ရေထဲခြေချလိုက်တာနဲ့ နေ့လည်ကအဖြစ်အပျက်ကိုမျက်လုံးထဲပြန်မြင်ယောင်လာမိတာမလို့ နည်းနည်းတော့ လန့်မိသား။

ဒါပေမယ့် ဆွဲကြိုးကိုပြန်ရှာတွေ့ဖို့ဒီတစ်နည်းပဲရှိတာကြောင့် အားတင်းပြီး ရှေ့ကိုဆက်သွားလိုက်တယ်။

ရေကကြည်လင်နေတာမလို့ ရေမျက်နှာပြင်အောက်ကိုရှင်းရှင်းလင်းလင်းမြင်နေရတာကြောင့် တော်သေးတယ်ဟုဆိုရမယ်။

ဖုန်းမီးကိုတစ်ဖက်ကကိုင်ရင်း နောက်လက်တစ်ဖက်ကရေထဲစမ်းကာ ဆွဲကြိုးလေးကိုနေရာအနှံ့လိုက်ရှာရတယ်။

ရေထဲမှာဘယ်လောက်ကြာနေမှန်းတောင် ရိပေါ်မသိတော့။
အခုချိန်မှာ ဆွဲကြိုးရှာတွေ့ရေးကသာ ရိပေါ်အတွက်အရေးကြီးနေတာဖြစ်တယ်။

အတော်ကြာတော့ ခြေထောက်တွေအေးပြီးကိုက်ခဲလာတဲ့အပြင် နှာမွှန်ပြီးမျက်လုံးတွေပူစပ်လာတာကိုခံစားရတယ်။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now