Unicode
ညနေ ကျောင်းဆင်းခေါင်းလောင်းထိုးသည်နှင့် ကျောင်းသားများ စာသင်ခန်းထဲကအလျှိုလျှိုထွက်လာကြတယ်။
ရှောင်းကျန့်ကလည်း ချန်းချန်းကိုကြိုဖို့ရာ မူလတန်းဆောင်ဘက်ရောက်နေတယ်။
ကျောပိုးအိတ်အဆင်သင့်လွယ်ထားပြီးသား ချန်းချန်းလေးက ရှောင်းကျန့်ကိုမြင်တာနဲ့ ရှေ့ဆုံးတန်းကနေ အားရ၀မ်းသာလက်လှမ်းပြရင်းပြေးထွက်လာတာမို့ ရှောင်းကျန့်လက်စွမ်းပြပြီးစည်းထားပေးတဲ့ ဦးခေါင်းထိပ်တည့်တည့်က ကြက်တောင်စည်းလေးကလှုပ်တုတ်တုတ်နဲ့ရယ်။
အဲဒီနောက်မှာတော့ မောင်နှမနှစ်ယောက်သား လက်လေးတွဲကာ အိမ်ပြန်လာခဲ့ကြတယ်။
အိမ်ပြန်လာတဲ့လမ်းမှာ ဘောလုံးကန်နေတဲ့ ၀မ်ချောင်တို့အဖွဲ့နှင့်တိုးတာကြောင့် ရှောင်းကျန့်အနည်းငယ်စိတ်ရှုပ်သွားတယ်။
၀မ်ချောင်က ရှောင်းကျန့်ရဲ့မိထွေးဖြစ်သူ အန်တီကျင်းဘက်မှပါလာတဲ့တစ်ဦးတည်းသောသားဖြစ်ပြီး အမေအားကိုးနဲ့ရှောင်းကျန့်တို့မောင်နှမကိုအမြဲ ပြဿနာရှာကာနိုင့်ထက်စီးနင်းလုပ်နေကြ။
အခုလည်း ကောင်းသောတွေ့ဆုံခြင်းမျိုးမဟုတ်မှန်းသိတဲ့ရှောင်းကျန့်က မမြင်ချင်ယောင်ဆောင်ပြီးကျော်သွားဖို့လုပ်ပေမယ့် ၀မ်ချောင်နဲ့အပေါင်းအပါများကတော့ ထိုသို့ဟုတ်ဟန်မတူ။
"ဟေ့! ရှောင်းကျန့် "
"....."
၀မ်ချောင်လှမ်းခေါ်တာကို ရှောင်းကျန့်ကပြန်မထူးပဲ ဒီတိုင်းကျော်သွားဖို့လုပ်တယ်။
"ရှောင်းကျန့်!ငါခေါ်နေတယ်လေ မင်း နားကန်းနေတာလား၊ ကောင်းကောင်းခေါ်နေတုန်း ပြန်မထူးရင် ငါ့အဆိုးမဆိုနဲ့နော် "
ချန်းချန်းလေးပါနေတာမို့ ရှောင်းကျန့်က၀မ်ချောင်တို့အဖွဲ့နဲ့ ဘာပြဿနာမှမတက်ချင်။
"ကျွတ်စ်...!"
မတတ်သာတဲ့အဆုံး စုတ်တစ်ချက်သက်ကာ လှည့်ကြည့်လိုက်တာနဲ့ တပြိုင်နက် ရှောင်းကျန့်မျက်နှာတည့်တည့်ပြေး၀င်လာတဲ့ဘောလုံးကိုရှောင်ချိန်မရလိုက်။
YOU ARE READING
Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)
Fanfictionအဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။ #Zhanyi fanfiction❣️ အဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။