Chapter-11

2.8K 228 0
                                    

Unicode

ရှောင်းကျန့် ရေချိုးအ၀တ်အစားလဲပြီးထမင်းစားချင်စိတ်မရှိတော့တာမလို့ ပါလာတဲ့ရုံးအလုပ်လေးတွေလုပ်ဖို့ laptopဖွင့်လိုက်တဲ့အချိန်မှာပဲ အန်တီယွီရင့်ဆီကဖုန်း၀င်လာတယ်။

ရိပေါ် သတိလစ်သွားတယ် ဆိုတဲ့အကြောင်းကြားကြားချင်းရှောင်းကျန့်မှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားပြီး ရိပေါ်ဆီသွားရမယ်ဆိုတဲ့အတွေးကလွဲလို့တခြား၀င်မလာ။

ဖုန်းပြောနေတာကိုတောင် ဆက်မပြောနိုင်ပဲ ကားသော့ယူပြီးအခန်းထဲကတန်းထွက်လာတာမလို့ အပေါ်ကုတ်အင်္ကျီတောင်မ၀တ်ခဲ့မိပဲ အိမ်နေရင်းဆွယ်တာအပါးလေးအတိုင်းသာ။

၀မ်အိမ်တော်ဆီကို နာရီ၀က်အတွင်းဘယ်လိုရောက်လာမှန်းတောင်မသိလိုက်။

အိမ်တော်ကိုရောက်တာနဲ့ ရိပေါ်အခန်းဆီကိုပဲတန်းပြီးဦးတည်သွားလိုက်တယ်။

အိမ်ထဲရေးကြီးသုတ်ပြာ၀င်လာပြီး လှေကားထစ်တွေကိုခြေလှမ်းကျဲတွေနဲ့ကျော်တက်သွားတဲ့ရှောင်းကျန့်ကြောင့် ၀မ်အိမ်တော်က၀န်ထမ်းတွေလည်းပြူးပျာကုန်တယ်။

ရိပေါ်ကနေမကောင်းရင် အားငယ်တတ်တာကြောင့် ရှောင်းကျန့်ကအမြဲအနားမှာနေပေးရတယ်။
အခုလဲ ရိပေါ်နေမကောင်းတာကြောင့် ရိပေါ်အနားမှာရှိနေပေးနိုင်ရေးတစ်ခုကသာ အရေးကြီးတယ်။

ရှောင်းကျန့်ကတော့ ၀မ်ရစ်လုံးလေးရစ်တဲ့ဒဏ်နဲ့ ၀မ်ချွဲစိန်လေးချွဲတာတွေကို မသိစိတ်ထဲကတွယ်ငြိနေမိတာ အတော်ကြာသွားပြီထင်ပါရဲ့။

အခန်းရှေ့ကိုရောက်တော့ ‌အန်တီယွီရင့်ကိုဆေးသောက်ဖို့ငြင်းနေတဲ့ ရိပေါ်ရဲ့အသံကိုကြားလိုက်ရတာမလို့ အဆိုးလေးကဂျီကျနေပြီဆိုတာ သိလိုက်တယ်။

အခန်းပေါက်၀ကနေ‌ ဆေးသောက်ရန်ပြောလိုက်တော့ ကလေးပေါက်က အံ့ဩမှုနဲ့အတူ မျက်၀န်းထဲမှာပျော်ရွှင်မှုအရိပ်အယောင်လေးတွေလက်ကနဲဖြစ်သွားတာကို ရှောင်းကျန့် မြင်ဖြစ်အောင်မြင်လိုက်ရတယ်။

ဒါပေမယ့် အနှီကောင်လေးက ချက်ချင်းဆိုသလို မျက်လုံးလွှဲသွားပြီး မျက်လွှာတွေအောက်ချလိုက်တယ်။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now