Chapter-32

2.2K 157 3
                                    

Unicode

ရှောင်းကျန့်အတွက်တော့ ခါတိုင်းသောက်နေကျဆန်ပြုတ်ထက် အခုသောက်တဲ့ဆန်ပြုတ်ကအရသာပိုရှိနေသလိုပဲ။

အရသာရှိဆို သူ့ရဲ့ကလေးပေါက်ကစိတ်ရှည်ရှည်နဲ့ ကြင်ကြင်နာနာခွံ့ကျွေးနေတာလေ။
ရိပေါ်လုပ်သမျှအပြုအမူလေးတွေကိုအကြည့်တစ်ချက်မှမလွှဲပဲတစိမ့်စိမ့်လိုက်ကြည့်ရင်းရှောင်းကျန့်ရင်ထဲမှာ ကြည်နူးပျော်ရွှင်မှုတွေကိန်းအောင်းလာတယ်။

ရိပေါ်ကတော့ အငွေ့ထနေတဲ့ဆန်ပြုတ်‌ကိုတစ်ဇွန်းခပ်ပြီးတစ်ခါ နှုတ်ခမ်းလေးစူထော်ပြီးအေးအောင်မှုတ်ပေးလိုက် ရှောင်းကျန့်ကိုခွံ့ကျွေးလိုက်နဲ့အလုပ်ရှုပ်နေလေတယ်။

ဒီကြားထဲ ရှောင်းကျန့်နှုတ်ခမ်းတစ်၀ိုက်ပေသွားတဲ့ဆန်ပြုတ်တွေကိုလည်း တစ်သျှူးလေးနဲ့တို့,တို့ပြီးသုတ်ပေးနေရတာကအလုပ်တစ်လုပ်။
ရှောင်းကျန့်ရဲ့ လှုပ်စိစိဖြစ်နေတဲ့နှုတ်ခမ်းပါးရဲရဲလေးကိုထိတွေ့ပြီးသုတ်ပေးနေရတာမလို့ရင်ခုန်သံတွေမြန်ဆန်လို့နေတယ်။

ပိရိသေသပ်တဲ့နှုတ်ခမ်းလေးနဲ့အတူမှဲ့နက်ကလေးကလည်း ရိပေါ်ရဲ့သည်းခံနိုင်စွမ်းတွေကိုစိတ်‌ခေါ်နေတာများလား။

"ကိုယ် တော်ပြီ ရိပေါ်"

"တော်ဦးမှပဲ...ပန်းကန်ထဲလည်းပြောင်နေပြီ"

ရိပေါ်က ပန်းကန်ကိုရှောင်းကျန့်ဘက်ကိုစောင်းပြရင်းမကြည်သလိုပြောလာတာမလို့ ရှောင်းကျန့်လည်းသွားတွေပေါ်သည်အထိရယ်ပြပြီးမျက်နှာချိုသွေးကာ

"ဟီး...ရိပေါ်ကိုယ်တိုင်ခွံ့ကျွေးတော့‌ကိုယ်လည်းစားကောင်းကောင်းနဲ့စားလိုက်တာ"

ရှောင်းကျန့်စကားကြောင့် ရိပေါ်ကမျက်စောင်းလှမ်းထိုးတယ်။

"စားပြီးရင်အိပ်တော့"

"ဟင်!ကိုယ်ခုနကမှနိုးတာလေ....အင်းပါ ရိပေါ်အိပ်စေချင်ရင်အိပ်ပါ့မယ်"

ချက်ချင်းလှဲချတော့မလိုပြင်လိုက်တဲ့ရှောင်းကျန့်က မျက်နှာမှာစိတ်မကောင်းဖြစ်ဟန်ပေါ်နေတာကြောင့်

"မအိပ်ချင်ရင်မအိပ်ပါနဲ့၊ကျွန်တော်က ခင်ဗျားအားရှိပြီးအမြန်သက်သာလာအောင်အိပ်ခိုင်းတာ"

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now