Chapter-23

2.1K 147 2
                                    

Unicode

Flash back start~~

ချန်းချန်းသတိလစ်နေတဲ့အချိန်တုန်းကရှောင်းကျန့်နဲ့ကျန်းချန်တို့ ချန်းချန်းကိုလုပ်ကြံတယ်လို့သံသယရှိသူအကြောင်းပြောဖြစ်ကြတယ်။

ရှောင်းကျန့်က Mike ကိုပဲ သံသယ၀င်တာမလို့ ကျန်းချန်ကိုသူ့ရဲ့အစီအစဉ်တစ်ခုကိုတိုင်ပင်ခဲ့တယ်။

တကယ်တမ်း ရှောင်းကျန့်က Mikeဘယ်နေရာမှာပုန်းနေလဲဆိုတာကိုသိနေပြီးသားဖြစ်တဲ့အပြင် လူယုံတစ်ချို့ပါထည့်ထားပြီးသား။

အစက ကိုယ့်ကိုလာမငြိသေးမရွေ့လက်ရှောင်နေမယ်လို့ဆုံးဖြတ်ထားခဲ့တာ။

အခုတော့ Mikeဘက်ကရန်စလာပြီလေ။
အဲ့ဒါကြောင့် Mikeပုန်းနေတဲ့နေရာမှာလွှတ်ထားတဲ့သူလျှိုတွေကိုလက်တလောMikeရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ခိုင်းဖို့ ကျန်းချန်ကိုပြောလိုက်တယ်။

အကယ်၍ Mikeဘက်ကမရိုးသားတာတစ်ခုခုလုပ်ရင် အဖွဲ့ကိုအင်အားဖြည့်ပြီးMikeကိုတစ်ခါတည်းဖမ်းဖို့လည်းမှာလိုက်တယ်။

ရှောင်းကျန့်တို့နှစ်ယောက်စကားပြောပြီးသွားတဲ့အချိန် ချန်းချန်းသတိရလာတာမလို့ ကျန်းချန်လည်းရှောင်းကျန့်ခိုင်းထားတဲ့ကိစ္စတွေချက်ချင်းသွားလုပ်လိုက်တယ်။

ကျန်းချန်စုံစမ်းကြည့်တော့ Mikeရဲ့လက်ထောက်နဲ့လူတစ်ချို့က ဂိုဒေါင်အဟောင်းဘက်ကိုသွားမှန်းသိလိုက်ရတာမလို့ တစ်ခုခုထူးဆန်းနေမှန်းရိပ်မိလိုက်တာကြောင့် အဖွဲ့ကိုအင်အားဖြည့်ပြီး Mikeကို၀င်ဖမ်းဖို့ကြံလိုက်တယ်။

အဲ့ဒီအချိန်မှာပဲ ရှောင်းကျန့်ဆီကဖုန်းလာပြီး ရိပေါ်ကိုအဖမ်းခံလိုက်ရမှန်းသိသွားခဲ့တာမလို့ ဒီကိစ္စကMikeရဲ့လက်ချက်ဆိုတာအတပ်ပြောနိုင်ပြီလေ။

အဲ့လိုနဲ့ ကျန်းချန်တို့အဖွဲ့က Mikeပုန်းနေအိမ်ကို၀င်စီးပြီး ဖမ်းလိုက်ကြတယ်။

လူတော်တော်များများက ဂိုဒေါင်ဆီသွားကြတာမလို့Mikeကိုလွယ်လွယ်နဲ့ဖမ်းနိုင်ခဲ့ပြီး ရဲကိုအကြောင်းကြားကာ ကျန်းချန်တို့လဲဂိုဒေါင်ဆီကိုလိုက်လာခဲ့ခြင်းဖြစ်တယ်။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Opowieści tętniące życiem. Odkryj je teraz