Chapter-10

2.9K 246 8
                                    

Unicode

ရှောင်းကျန့် အလုပ်လုပ်နေရပေမယ့် အလုပ်ထဲစိတ်မပါ။
လုပ်သမျှကလဲ အယောင်ယောင်အမှားမှားဖြစ်နေတာမလို့ ကျန်းချန်ကတောင်ပြောနေပြီ။
မနက်ကအစည်းအဝေးမှာလည်း ဘယ်လိုမှအာရုံမစိုက်နိုင်တာမလို့ ကျန်းချန်ကပဲ ရှောင်းကျန့်ကိုယ်စားဆုံးဖြတ်စရာရှိတာ အကုန်လုံးကိုလုပ်ပေးသွားရတယ်။

ရှောင်းကျန့် စိတ်လေလေနဲ့ရုံးခန်းထဲထိုင်နေတုန်း

‌~ knock knock ~

"၀င်ခဲ့ပါ"

"‌ရှောင်းကျန့် အလုပ်ပြီးပြီလား"

ရုံးခန်းထဲ၀င်လာသူက ရှောင်းကျန့်ရဲ့သူငယ်ချင်း Golden Groupရဲ့အမွေဆက်ခံသူ မျန်မျန်။

"အာ...မျန်မျန်၊ဘာကိစ္စရှိလို့လဲ"

"ငါကကိစ္စရှိမှလာရမှာလား"

"မဟုတ်ပါဘူး၊နင်ကငါ့ကုမ္ပဏီရောက်ရင်တောင် ငါ့ရုံးခန်းဆီလာခဲတယ်လေ၊ခုလိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတော့ အလုပ်ကိစ္စများလားလို့ပါ"

"ဟီး!ဟုတ်တယ် အလုပ်ကိစ္စပါတယ်၊အခုလည်း ညနေအလုပ်ဆင်းချိန်တောင်ရောက်နေပြီဆိုတော့ ညစာစားရင်းပြောကြတာပေါ့"

"အေး ကောင်းသားပဲ၊အလုပ်လဲပြီးတာပေါ့"

"နင်ကတော့လေ တကယ့်ကိုအလုပ်သရဲပဲ၊ဘာလို့အဲ့လောက် ကြိုးစားနေတာတုန်း၊အခုမှ အသက်နှစ်ဆယ်ကျော်ရှိသေးတာကို"

"လုပ်ရတယ်ဟ၊ ငါ့မှာက စောင့်ရှောက်စရာ ကလေးနှစ်ယောက်နဲ့၊နင့်လို ကောင်လေးနောက်ပတ်လိုက်နေဖို့အချိန်မရှိဘူး"

"ကောင်စုတ်!နင်က ငါ့ဆိုဖဲ့ဖို့ပဲ"

"ဟားဟားဟား!"

"ကျန်းချန်ရော ၊ထမင်းစားဖို့ သူ့ပါခေါ်လိုက်လေ"

"သူ့စီမံဌာနဘက်ကို ခနသွားတယ်၊နင် ဖုန်းဆက်လိုက်လေ၊ငါ အလုပ်လေးတွေလက်စသတ်လိုက်ဦးမယ်"

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now