Unicode
London ရဲ့ထိပ်တန်းBarတွေထဲကတစ်ခုဖြစ်တဲ့Paradise Bar။
Paradiseဆိုတဲ့နာမည်အတိုင်း နိဗ္ဗာန်ဘုံတစ်ခုအလားခမ်းနားထည်ဝါလွန်းတာမလို့ တော်ရုံလူအနားကပ်နိုင်ဖို့ဆိုတာလဲမဖြစ်နိုင်တဲ့အပြင် ဒီကိုလာတဲ့သူတွေက ကျိကျိတက်ချမ်းသာသူတွေဆိုတာပြောစရာပင်မလို။
Barမှာရှိတဲ့သူတွေကလည်း ခန္ဓာကိုယ်ထက်မှာတန်ဖိုးကြီးပေ့ဆိုတဲ့ Brandပေါင်းစုံကိုခေါင်းအစခြေအဆုံး သူ့ထက်ငါအပြိုင်အဆိုင်ဆင်ယင်ထားကြတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေအတွက်တော့ အရက်လေးသောက်ရင်း၊လုပ်ငန်းအကြောင်းပြောရင်း တစ်ဖက်လူနဲ့ ရင်းနှီးမှုရယူဖို့အတွက်အကောင်းဆုံးနေရာတစ်ခုလို့ပြောလို့ရတာကြောင့် UKမှာရှိတဲ့ စီးပွားရေးသမားတွေက Paradiseမှာတွေ့ဆုံလေ့ရှိကြတယ်။Barထဲ အစွန်ဆုံးထောင့်ဝိုင်းမှာ လူတစ်ယောက်က ခြေထောက်ချိတ်ထိုင်ကာ လက်တစ်ဖက်ကခုံရဲ့လက်ရန်းပေါ်တင်ပြီး တစ်ဖက်ကအရက်ခွက်ကိုကိုင်လှုပ်နေတာမလို့ ခွက်ရဲ့ဖန်သားနဲ့အထဲကရေခဲတုံးလေးတွေရိုက်ခတ်နေတဲ့ အသံကဖြေးဖြေးမှန်မှန်ထွက်လာနေတယ်။
ခေါင်းအစခြေအဆုံး တန်ဖိုးကြီး brand တွေ၀တ်ဆင်ထားတဲ့ သူက ဝါကျင်ကျင်မီးရောင်ရဲ့အောက်မှာ ဆွဲဆောင်မှုရှိရှိခံ့ညားနေတယ်။
ဆံပင်ကိုနောက်ဘက်လှန်တင်ထားပြီး မေးရိုးသွယ်သွယ်ကထင်းနေတာကြောင့် ယောက်ျားဆန်တဲ့အသွင်အပြင်ကအပြည့်။
ထိုသူကထိုင်နေပေမယ့်လည်း အရပ်အမောင်းနဲ့ကိုယ်ဟန်အနေအထားကိုကြည့်ရုံဖြင့် မော်ဒယ်လ်တစ်ယောက်ကိုမြင်နေရသလိုခံစားချက်မျိုးကို ပေးစွမ်းတယ်။
ခန္ဓာကိုယ်တင်ကြည့်ကောင်းရုံမကပဲ မျက်နှာကပါအပြစ်ပြောစရာမရှိအောင်ပြည့်စုံနေတဲ့သူက Barရဲ့မီးရောင်မှိန်မှိန်အောက်မှာထင်ပေါ်ပြီး ဆွဲဆောင်မှုရှိလွန်းတာကြောင့် မိန်းကလေးများသာမကယောက်ျားလေးများကတောင် တငေးတမောကြည့်နေရသည်အထိပင်။
လက်ထဲကအရက်ခွက်ကိုမော့သောက်လိုက်တဲ့အချိန် ၀င့်၀င့်ကြွားကြွား ပေါ်လာတဲ့မေးကြော၊လှုပ်ရှားသွားတဲ့လည်စေ့နဲ့အတူ နွယ်လိုဖြာယှက်နေတဲ့လည်ပင်းသွေးကြောတွေက မြင်ရသူတိုင်းအတွက် လက်ရာမြောက် အနုပညာတစ်ခုကိုခံစားလိုက်ရသလိုမျိုး။
YOU ARE READING
Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)
Fanfictionအဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။ #Zhanyi fanfiction❣️ အဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။