Chapter-29

2.2K 162 2
                                    

Unicode

ဟင်းရည်အိုးထဲကနေ လောလောလတ်လတ်ခပ်ထည့်လာတဲ့ကြာစွယ်ဟင်းရည်ကအငွေ့‌တထောင်းထောင်းထနေတုန်းမလို့ ဘယ်လောက်ထိတောင်ပူနေမလဲဆိုတာအထူးပြောနေစရာမလို။

ထိုဟင်းရည်က လက်ခုံပေါ်ကိုလောင်းချမိတဲ့အချိန်မှာ ပူလောင်မှုကအသဲခိုက်မတတ်။

ဒါပေမယ့် တပြိုင်နက်တည်းမှာပဲ ရိပေါ်အော်သံကြောင့် ကိုယ့်လက်ကအပူကိုတောင် ရှောင်းကျန့်သတိမထားနိုင်တော့။

ရိပေါ်ရှေ့ ချက်ချင်းဆိုသလိုဒူးထောက်ထိုင်ချပြီး အပူလောင်ဒဏ်ရာကိုသာစိုးရိမ်တကြီးလိုက်ရှာမိကာ ဘေးနားကလူတွေကိုလည်း အာရုံထဲမရှိ။

ခြေသလုံးဖွေးဖွေးလေးကိုကိုင်ပြီး သေချာကြည့်တော့မှ ဟင်းရည်ပူစင်ရုံစင်တာမှန်းသိကာ စိတ်အေးသွားရတယ်။

စိတ်အေးရုံရှိသေး ကလေးပေါက်က'ခင်ဗျားကြောင့်ကျွန်တော်ပူသွားပြီ' ဆိုပြီးအသံစူစူးလေးနဲ့ရန်တွေ့လေရဲ့။

ပြီးတော့

'ခင်ဗျားကကျွန်တော်မုန်းတာတွေပဲရွေးလုပ်တတ်တာလား'တဲ့။

စကားလုံးတွေနဲ့ လူကိုသေအောင်သတ်နိုင်တယ်ဆိုတာ ဒါမျိုးပဲဖြစ်ရမယ်လို့ ရှောင်းကျန့်ကတွေးတယ်။

အလိုက်ကမ်းဆိုးမသိဝေ့ဝဲတက်လာတဲ့မျက်ရည်တွေကို ဒီထက်ပိုမရောင့်တက်ဖို့စေခိုင်းလိုက်ပြီး
တောင်းပန်စကားကိုသာ ဒုတိယအကြိမ်မြောက်ထပ်မံပြောမိတယ်။

အကယ်၍ ရိပေါ်သာအလိုရှိမယ်ဆိုရင် ရှောင်းကျန့်က တောင်းပန်စကားကို ထောင်သောင်းမကပြောပေးဖို့၀န်မလေး။

၀မ်းနည်းနာကျင်ခြင်းရဲ့အဆုံးသတ်မှာ ပျော်စရာတွေရှိတတ်စမြဲဆိုတာ တကယ်အဟုတ်ထင်ပါရဲ့။

ရှောင်းကျန့်လက်အပူလောင်မှန်းသိသွားတဲ့ ရိပေါ်ရဲ့မျက်နှာလေးမှာ စိုးရိမ်မှုတချို့ဖြတ်ပြေးသွားတာကို မြင်လိုက်ရတယ်။

မြတ်နိုးရတဲ့ကလေးငယ်က ရုတ်တရက်ဆိုသလို ရှေ့မှာထိုင်ချလိုက်ပြီး ရှောင်းကျန့်ရဲ့လက်ကိုဆွဲယူကာ သူ့ရဲ့နှုတ်ခမ်းဖူးဖူးလေးနဲ့ လေမှုတ်ပေးနေတာမလို့ရင်ထဲကကြည်နူးမှုတွေက‌ဒီရေအလား တိုးလာတယ်။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now