Chapter-19

2.4K 170 3
                                    

Unicode

နှစ်ထပ်တိုက်အိမ်လေးရဲ့တံခါးကို တွန်းဖွင့်ပြီးလူငယ်တစ်ယောက် အိမ်ထဲသို့ဒယိမ်းဒယိုင်၀င်လာတယ်။

အပေါ်ကုတ်အင်္ကျီအနက်ရောင်ကိုလက်ကလုံးချေကိုင်ထားရင်း ခြေလှမ်းတွေကလည်းသိုင်းကွက်နင်းလျက်သား။

မျက်လုံးတွေကရီဝေမှေးစင်းနေပြီး ၀တ်ထားတဲ့အင်္ကျီက ရင်ဘတ်ကကြယ်သီးတွေပြုတ်နေသလို အင်္ကျီလက်ကိုလည်းတံတောင်ဆစ်ထိ မသေမသပ်ခေါက်တင်ထားတယ်။

ယန်ကျင်းလည်း လဲကျမတတ်ယိုင်နဲ့နေတဲ့လူငယ်နားအပြေးသွားပြီးကူတွဲလိုက်တော့ ယမကာနံ့ကထောင်းကနဲ။

"သားလေးရယ် နောက်ကျလိုက်တာ"

"မား မအိပ်သေးဘူးလား"

"သားပြန်မလာသေးတော့မားကဘယ်အိပ်ပျော်ပါ့မလဲ၊ထမင်းရော စားပြီးပြီလား"

"မစားရသေးဘူး မား..အေ့"

"ဒီအချိန်ထိအစာမစားဘဲ အရက်တွေသောက်နေရလားသားရယ်၊အခု ထမင်းစားမလား မားပြင်လိုက်မယ်"

"နေနေ မား၊သား မဆာလို့မစားတော့ဘူး"

အာလေးလျှာလေးပြောနေတဲ့သားဖြစ်သူရဲ့မျက်နှာကိုသေချာကြည့်မိတော့ ပါးပေါ်ကဒဏ်ရာကအထင်းသား။

"သား! မျက်နှာမှာဒဏ်ရာကြီးနဲ့ပါလား၊ဘယ်လိုဖြစ်တာလဲ"

"အော်..အလုပ်လုပ်ရင်း နည်းနည်းခိုက်မိတာပါ"

"ဖြစ်ရလေသားရယ်...လာလာ မား ဆေးလိမ်းပေးမယ်"

"ရတယ် သားဟာသားလိမ်းလိုက်မယ်၊မား အိပ်တော့နော်"

ပြောပြီးတာနဲ့ အပေါ်ထပ်ကိုတက်သွားတဲ့သားဖြစ်သူကိုကြည့်ရင်း ယန်ကျင်းလည်းအတွေးပေါင်းစုံနဲ့ကျန်ရစ်ခဲ့တယ်။

မိမိကိုယ်တိုင်က သားသမီးကိုထိန်းကျောင်းပုံမှားခဲ့တယ်ပဲဆိုရမလား။

တစ်ဦးတည်းသောသားလေးဆိုပြီး အရာရာအလိုလိုက်ခဲ့တဲ့အပြင်
ကိုယ့်သားကသူများတွေကိုအနိုင်ကျင့်တာမြင်ရက်နဲ့တောင် မသိချင်ယောင်ဆောင်ပြီးနေခဲ့မိတာဆိုတော့ သားရဲ့စိတ်က နိုင်လိုမင်းထက်ဆန်ပြီး တဖက်သားအပေါ် သနားညှာတာစိတ်၊ကိုယ်ချင်းစာစိတ်ဆိုတာမျိုးမရှိ။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now