Unicode
ရှောင်းကျန့်ခမျာ အမူးသမားလေးရဲ့ဆွဲဆောင်မှုထံကနေမနည်းရုန်းထွက်ပြီးသတိပြန်ဆွဲနေရတယ်။
မဟုတ်ရင် စိတ်မထိန်းနိုင်ပဲနမ်းပါများလို့ ကလေးပေါက်ရဲ့နှုတ်ခမ်းလေးတွေဖူးယောင်ပေါက်ပြဲကုန်မှာအသေအချာ။
အခုတောင် ရိပေါ်ရဲ့အောက်နှုတ်ခမ်းလေးကအနည်းငယ်ပေါက်ပြီး သွေးစလေးတွေစို့နေပြီမဟုတ်လား။ရှောင်းကျန့် ဒီလောက်နမ်းတာတောင်မျက်လုံးတစ်ချက်ဖွင့်မလာတဲ့ကလေးပေါက်က အတော်လေးကိုမူးပေနေပုံရတယ်။
မူးနေရင်းတောင် အနမ်းတွေကိုတုန့်ပြန်လာတဲ့ကလေးပေါက်ရဲ့နှုတ်ခမ်းလေးတွေက ရှောင်းကျန့်ရဲ့နှုတ်ခမ်းပါးတွေကိုမှတ်မိနေတာများလို့ တွေးမိတော့ ကြည်နူးမှုနဲ့အတူနှုတ်ခမ်းတစ်စုံက လှပစွာတွန့်ကွေးသွားတယ်။
ရှောင်းကျန့် စားပွဲပေါ်မှာတွေ့တဲ့ ဦးထုပ်နဲ့Maskကိုရိပေါ်မျက်နှာလေးလုံအောင်တပ်ပေးပြီး အမူးသမားလေးလက်ကိုဆွဲယူကာ ပခုံးပေါ်တင်စေလိုက်ပြီး ကျောပိုးလျက်သားအခန်းထဲကထွက်လာလိုက်တယ်။
လှေကားအကွေ့ကိုရောက်တော့ ခုနကကားပါကင်ထိုးနေခဲ့တာမလို့နောက်ကျကျန်နေခဲ့တဲ့ကျန်းချန်နဲ့တည့်တည့်တိုးတယ်။
"ရှောင်းကျန့် !သူ...သူက ဘယ်သူလဲ"
ကျန်းချန်ကမျက်လုံးအပြူးသားနဲ့ ရှောင်းကျန့်ကျောပေါ်ကရိပေါ်ကိုလက်ညှိုးထိုးရင်းမေးလာတယ်။
ရိပေါ်မျက်နှာတစ်ခုလုံးကိုMaskနဲ့ဦီးထုပ်ကကာထားတာမလို့ ကျန်းချန်ကမှတ်မိပုံမရဘူး။
"ငါရိပေါ် ကိုအိမ်ပြန်ပို့လိုက်ဦးမယ် ကျန်းချန်....သူ့တစ်ယောက်တည်းထားခဲ့ဖို့စိတ်မချလို့၊မင်းကတော့ နောက်နေ့မှငါ့ကိုရင်ဖွင့်တော့ကွာ သူငယ်ချင်း နော်..."
ရှောင်းကျန့်ကပြောပြီးတာနဲ့ ကျန်းချန်လက်ထဲကကားသော့ကိုဆွဲယူပြီး လှေကားကနေဆင်းသွားတာမို့
"ဟာ ဟျောင့် နေဦးလေ၊ငါ့မှာကားမှမပါတာ...ဟေ့!ရှောင်းကျန့်!!!"
ကျန်းချန်အော်ခေါ်နေပေမယ့်လည်း ရှောင်းကျန့်ကတော့ဘာကိုမှအာရုံမစိုက်နိုင်တော့သည့်နှယ် သူ့ရဲ့ကလေးပေါက်ကိုကုန်းပိုးရင်းသာထွက်သွားလေရဲ့။
YOU ARE READING
Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)
Fanfictionအဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။ #Zhanyi fanfiction❣️ အဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။