Chapter-5

3.4K 270 2
                                    

Unicode

Accidentဖြစ်ပြီးနှစ်ရက်နေတော့ ရှောင်းပါးကိုဆေးရုံမှာပဲ မီးသင်္ဂြိုလ်ကြတယ်။

တိုက်မိတဲ့ကားသမားက ကိုယ်တိုင်လာအဖမ်းခံတာမလို့ကိစ္စအားလုံးက အမြန်ပဲပြီးစီးသွားတယ်။

ရှောင်းကျန့်တို့ ပါးကိုမီးသင်္ဂြိုလ်မယ့်နေရာရောက်တော့ အန်တီကျင်းနဲ့တွေ့တယ်။
အနည်းငယ်ငိုထားပုံပေါ်တဲ့ အန်တီကျင်းကရှောင်းကျန့်တို့မောင်နှမကိုမျက်နှာထားတင်းတင်းနဲ့တစ်ချက်ကြည့်ပြီး အံကြိတ်ကာမျက်နှာလွှဲသွားတယ်။

ငိုချင်စိတ်ကိုထိန်းပြီးတောင့်ခံထားပုံရတဲ့ ရှောင်းကျန့်ကိုယွီရင်က

"ငိုချင်ရင်ငိုချလိုက်ပါ သားရယ်၊တင်းခံနေရင် သားပဲပိုခံစားရမှာပေါ့"

"သား မငိုဘူး အန်တီယွီရင်၊ညီမလေးအတွက် သားကကြံ့ခိုင်နေမှရမယ်"

ယွီရင်လည်း ရှောင်းကျန့်ကိုကြည့်ပြီးသက်ပြင်းသာချနေမိတယ်။

ဒီကလေးက စိတ်ခံစားချက်တွေကိုအရွယ်နဲ့မလိုက်အောင် အတင်းထိန်းချုပ်နေတာမြင်တော့ စိတ်မကောင်းဖြစ်မိပေမယ့် ရှောင်းကျန့်အခြေအနေနဲ့ဆိုရင် ဒီလိုကြံ့ခိုင်မှအကောင်းဆုံးဖြစ်မှာကိုသိနေလို့ မတားနိုင်ပေ။

သင်္ဂြိုလ်ခြင်းကိစ္စအကုန်ပြီးသွားတော့ အန်တီကျင်းက စာချုပ်တခုကိုရှောင်းကျန့်ရှေ့ယူလာတယ်။
တခုခုကိုဆုံးရှုံးခါနီးမလို့ သွေးပျက်နေတဲ့လူတစ်ယောက်ရဲ့အကြည့်မျိုးနဲ့ ရှောင်းကျန့်ကိုကြည့်ရင်း

"ရှောင်းကျန့် ဒီစာချုပ်ထဲကအတိုင်းဆိုရင် ငါတို့နေနေတဲ့အိမ်ကို နင့်အမေက သူမသေခင်နင့်နာမည်နဲ့လွှဲခဲ့ပြီး နင်အသက်ပြည့်တဲ့အထိပဲ နင့်ရဲ့ပါးကိုထိန်းသိမ်းခွင့်ပေးထားခဲ့တာဆိုတာ အမှန်ပဲလား"

"....."

"မဖြစ်နိုင်တာ!ဒါ...ဒါဆိုရင် အခုနင့်ရဲ့ပါးသေသွားပြီဆိုတော့ ငါတို့ကအိမ်ပေါ်ကဆင်းပေးရမှာလား"

"........."

"ငါတို့သားအမိ အိမ်‌ပေါ်ကဆင်းပြီးရင် ဘယ်သွားနေရမှာလဲ၊ဆင်းမပေးနိုင်ဘူးနော်၊ငါ့မှာ နင်တို့ကို6နှစ်တောင် တင်ကျွေးထားရတာ၊ဒီတိုင်းဆိုရင် ငါ့အတွက်နစ်နာတယ်"

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now