Chapter-21

2K 136 3
                                    

Unicode

ရှောင်းကျန့်တို့ Beijingပြန်ရောက်တော့ Xiaoအိမ်တော်ရဲ့ကားကလေဆိပ်ကိုအဆင်သင့်လာကြိုတာမလို့ ရှောင်းကျန့်ကရိပေါ်ကိုအရင်ပြန်ပို့ရန်အတွက် ၀မ်‌အိမ်တော်ဆီကိုမောင်းစေတယ်။

ကားနောက်ခန်းမှာရှောင်းကျန့်နဲ့ရိပေါ်ကဘေးချင်းကပ်ထိုင်နေပေမယ့် နှစ်ယောက်လုံးစကားမပြောဖြစ်ကြ။
ခွဲရတော့မယ့်အချိန်နီးကပ်လာပြီ ဆိုတာကြီးက နှစ်ယောက်စလုံးကို၀မ်းနည်းစေတာအမှန်။

ရှောင်းကျန့်က ရိပေါ်ရဲ့ပေါင်ပေါ်တင်ထားတဲ့လက်ဖဝါးလေးကိုလှမ်းဆွဲယူပြီး လက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်တော့ရှောင်းကျန့်ကိုမော့ကြည့်လာတဲ့မျက်နှာလေးက ၀မ်းနည်းရိပ်သန်းနေပြီးမျက်ရည်တွေဝေ့ဝဲနေတာမလို့ စိတ်ထဲအနေရခက်လှသည်။

"ရိပေါ် စိတ်မကောင်းဖြစ်နေတာလား"

"ကိုကို မသွားလို့မရဘူးလားဟင်"

ပြောရင်းနဲ့မျက်ရည်တွေကျလာတဲ့ ရိပေါ်။
ရှောင်းကျန့်က မျက်ရည်တွေကိုလက်တစ်ဖက်နဲ့သုတ်ပေးရင်း

"ဟော..ကြည့် ကိုကို့ကလေးလေးကဆိုးပြန်ပြီ၊ကိုကိုခုသွားမှာက ရိပေါ်နဲ့တစ်သက်လုံးနီးနိုင်ဖို့လေ"

"ကိုကို ကျွန်တော့်ကိုမေ့သွားရင်ဘယ်လိုလုပ်မလဲ"

"ကိုကိုက ရိပေါ်ကိုမေ့စရာလားကွာ"

"မပြောနိုင်ဘူးလေ၊နိုင်ငံခြားမှာက အချောအလှလေးတွေအများကြီးပဲ၊သူတို့နဲ့ယှဉ်ရင် ကျွန်တော်က..."

"ဘယ်သူနဲ့မှယှဉ်လို့မရဘူး၊ရိပေါ်က ကိုကို့အတွက်တော့တန်ဖိုးဖြတ်မရအောင်အဖိုးတန်တယ်၊ကိုကို့အသက်ထက်ပိုပြီးမြတ်နိုးတယ်၊အဲတာကြောင့် ကိုကိုပြန်လာမယ့်အချိန်ထိသည်းခံပြီးစောင့်နေပေးပါနော်"

"အင်း စောင့်နေမှာ၊စောင့်နေမှာမလို့ အမြန်ဆုံးပြန်လာခဲ့၊ကျွန်တော်အကြာကြီးမစောင့်နိုင်ဘူးနော်"

"အမိန့်အတိုင်းပါ ကိုကို့ရဲ့အရှင်သခင်လေး"

ရှောင်းကျန့်က ရိပေါ်လက်လေးကိုနှုတ်ခမ်းနားဆွဲယူပြီးနမ်းလိုက်တယ်။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Donde viven las historias. Descúbrelo ahora