Childhood-1

10.8K 392 4
                                    

Unicode

ဒုန်း!ဂလွမ်! ဂလွမ်!

မနက်မိုးလင်းစအချိန် သာမန်ဆင်ခြေဖုံးရပ်ကွက်ရှိ အိမ်အိုလေးထံမှ အိုးသံ၊ပန်းကန်သံများ ပျံ့နှံ့ထွက်ပေါ်လာတယ်။
အနားပတ်၀န်းကျင်အိမ်များအတွက်တော့ ထိုအသံတို့ဟာ ကြားနေကျမို့မထူးခြား။

အိုးသံများကြားရပီးမကြာခင်
တရွှမ်းရွှမ်းမြည်သောကြိမ်လုံးရမ်းသံနဲ့အတူ

"ညီမလေးကိုမရိုက်ပါနဲ့!သား အမှားပါ သားကိုပဲရိုက်ပါ!"

ဆိုသော ကလေးတစ်ဦးရဲ့ငိုကြွေးတောင်းပန်သံတို့က ဒွန်တွဲလျက်။

ထိုအသံများမှာ ရှောင်းကျန့်လေး တို့၏နေအိမ်မှပင်။

ရှောင်းကျန့်မှာ အသက်12နှစ်အရွယ် မျက်လုံးတောက်တောက်၊နှာတံပေါ်ပေါ်နှင့် လူချောလေးတစ်ဦးဖြစ်ပြီး ရှောင်းချန်းချန်းဟုခေါ်သော 6နှစ်အရွယ် ချစ်စရာညီမလေးတစ်ဦးရှိတယ်။

ရှောင်းကျန့်ရဲ့မားက ချန်းချန်းလေးကိုမွေးပြီးပြီးချင်း မီးတွင်းထဲမှာတင်ကွယ်လွန်သွားခဲ့တယ်။

မားဆုံးပြီးတစ်နှစ်အကြာမှာပဲ ရှောင်းပါးက အန်တီကျင်းလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးနဲ့လက်ထပ်လိုက်တယ်။

"သားနဲ့သမီးကိုသေချာဂရုစိုက်ပေးနိုင်အောင် သူ့ကိုလက်ထပ်လိုက်တာပါ" လို့ ရှောင်းပါးကပြောနေပေမယ့် ဒါဟာအကောင်းဆုံးရွေးချယ်မှုမဟုတ်မှန်းကို ရှောင်းကျန့်တို့မောင်နှမနှစ်ဦးရဲ့ ခန္ဓာကိုယ်ပေါ်က မရိုးနိုင်တဲ့ အညိုအမဲတွေကိုကြည့်ခြင်းအားဖြင့် သိနိုင်တယ်။

ရှောင်းပါးက အိမ်စားရိတ်မရှာတဲ့အပြင် အချိန်ပြည့်အရက်သာသိတာမို့ အန်တီကျင်းက ပါးကိုဒေါသဖြစ်တိုင်းရှောင်းကျန့်တို့မောင်နှမကိုမဲတာထုံးစံလိုလိုပင်။

ရှောင်းကျန့်ဘ၀မှာ တွယ်တာစရာဆိုလို့
မိတဆိုးညီမလေးချန်းချန်းပဲရှ်ိတာမို့ အလွန်ချစ်သလို သနားကရုဏာလည်းပိုရတယ်။
ရှောင်းကျန့်ရဲ့မားက ယဉ်ကျေးသိမ်မွေ့ပြီး ကြင်နာတတ်တာကြောင့် မားမဆုံးခင်အထိရှောင်းကျန့်ဘ၀လေးဟာ မေတ္တာခြုံလို့အေးမြခဲ့ပေမယ့် ညီမလေးမှာမိခင်မေတ္တာမရခဲ့သလို အရက်ပဲသိသောပါးကြောင့် ဖခင်မေတ္တာလည်းမခံစားရ။
အဲ့ဒီပြင် ရံဖန်ရံခါ အန်တီကျင်းရဲ့အရိုက်အနှက်ကိုပါခံရသေးတာကြောင့် ချစ်ဖို့ကောင်းလွန်းသောညီမလေးရဲ့ နှလုံးသားနုနုမှာ ဒဏ်ရာဒဏ်ချက်ရမည်ကို ရှောင်းကျန့်အလွန်စိုးရိမ်တယ်။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Donde viven las historias. Descúbrelo ahora