Chapter-35

2.2K 173 11
                                    

Unicode

'တီ တီ တီ တီ'⏰

မနက်၅နာရီတိတိမှာ
စားပွဲတင်နာရီရဲ့  စည်းချက်ညီအချက်ပေးသံထွက်လာတာကြောင့် ရှောင်းကျန့်တစ်ယောက်အိပ်ပျော်နေရာကနေအမြန်ထဖို့လုပ်လိုက်ပေမယ့် ကိုယ်လုံး‌ကိုတစ်ခုခုနဲ့ဖိထားတာကြောင့် လှုပ်မရ။

လှုပ်လို့ရတဲ့လက်တစ်ဖက်နဲ့ လည်ပင်းနားထိခြုံထားမိတဲ့စောင်ကိုဆွဲလှန်လိုက်တော့ ရှောင်းကျန့်ရဲ့လက်မောင်းတစ်ဖက်ကိုခေါင်းအုံးထားတဲ့ ရိပေါ်ရဲ့ခေါင်းလုံးလုံးလေးက 'ဘွားကနဲ' ပေါ်လာတယ်။

ရှောင်းကျန့်ရင်ဘတ်ပေါ်ကို လက်တစ်ဖက်တင်ပြီးဖက်ထားရုံသာမကပဲ တစ်ကိုယ်လုံးကိုခြေထောက်တွေနဲ့ခွထားတဲ့ အိပ်ပုတ်ကလေးရိပေါ်ရယ်ပါ။

‌နှိုးစက်သံ အဆက်မပြတ်ထွက်နေတာတောင် တစ်ချက်လှုပ်မလာတဲ့ဂွမ်းလုံးလေးက အရင်ကအတိုင်း အိပ်ပုတ်လေး။

မနေ့ညက ကုတင်အလယ်မှာဖက်လုံးအကြီးကြီးခြားပြီး ရှောင်းကျန့်ကိုစည်းကျော်မလာဖို့သတိပေးသွားတဲ့၀မ်ပေါက်စက အခုကျတော့ရှောင်းကျန့်ဘက်ခြမ်းကိုရောက်နေတဲ့အပြင် တစ်ကိုယ်လုံးက ရှောင်းကျန့်ကိုယ်ပေါ်ကိုဖက်တက်မတတ်ပဲ။

နှိုးစက်သံကဆူလို့ထင်ပါ့။

၀မ်ပုစိ‌ရဲ့နှုတ်ခမ်းလေးက နဂိုထက်ပိုထော်လာပြီး သူ့နားလေးကိုသူပြန်အုပ်ရင်း တဟင့်ဟင့်နဲ့ဂျီကျသံလေးတွေထွက်လာတယ်။

ကလေးပေါက်စလေးကိုကြည့်မ၀သေးတဲ့ရှောင်းကျန့်က ရိပေါ်နိုးသွားမှာစိုးတာကြောင့် မိမိကိုယ်လုံးကိုအသာမတ်ပြီး စားပွဲပေါ်ကနှိုးစက်ကိုပိတ်လိုက်တယ်။

အသံတိတ်သွားတော့မှ ကလေးပေါက်က နားပေါ်အုပ်ထားတဲ့လက်လေးကိုတဖြေးဖြေးချင်းပါးပေါ် လျှောဖိပြီးဆက်အိပ်နေတာမလို့ နီရဲရဲနှုတ်ခမ်းလေးက ရှေ့ကိုထော်သထက်ထော်လာလေရဲ့။

စောင်နည်းနည်းလွတ်သွားတော့ အေးသွားပုံရတဲ့ကလေးပေါက်က ကိုယ်လုံးလေးကို ရှောင်းကျန့်ရင်ခွင်ထဲတအိအိနဲ့တိုးဝှေ့၀င်လာချိန်မှာတော့ ရှောင်းကျန့်ရင်ထဲလိပ်ပြာတွေထပျံပြေးသွားသလို တလှပ်လှပ်။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now