Chapter-38

2.5K 163 10
                                    

Unicode

ဆောင်းလေရူးရဲ့ရိုက်ခတ်မှုနဲ့အတူ ဖြူလွှတဲ့နှင်းစက်နှင်းမှုန်တွေက ပတ်၀န်း‌ကျင်တစ်ခုလုံးကိုအအေးဓာတ်တွေလွှမ်းခြုံအောင်ပြုလုပ်နိုင်ပေမယ့် အနမ်းချင်းဖလှယ်နေတဲ့ကောင်လေးနှစ်ဦးရဲ့နှလုံးသားတွေကိုအေးစက်သွားစေဖို့ငှာ မတတ်နိုင်ရှာဘူး။

တဆတ်ဆတ်တုန်ရီပြီးအေးနေတဲ့လက်ဖျားတွေက နှင်းစက်တွေကြောင့်လားစိတ်လှုပ်ရှားမှုကြောင့်လားဆိုတာသေချာမသိပေမယ့် နှုတ်ခမ်းပါးထက်ကနွေးထွေးမှုကတော့ တရှိုက်မတ်မတ်ပျော်၀င်သွားချင်စရာကောင်းတယ်။

ရိပေါ်ရဲ့နှုတ်ခမ်းသားအိအိလေးတွေက ရှောင်းကျန့်အတွက်တော့ ပင်လယ်ရေလို သောက်လေသောက်လေငတ်မပြေတာမလို့ ထပ်ခါတလဲလဲသုံးဆောင်ချင်စိတ်တွေကတားမရဆီးမရ။

လွတ်ထွက်သွားမှာစိုးလွန်းလို့ အတင်းအကြပ်နမ်းရှိုက်မိပေမယ့် ရှောင်းကျန့်အနမ်းတွေကိုပြန်လည်တုံ့ပြန်လာတဲ့ ရိပေါ်ရဲ့နှုတ်ခမ်းသားလေးတွေကြောင့် နမ်းနေရင်းကနေကြည်ကြည်နူးနူးပြုံးမိတယ်။

ဖူးကြွကြွနှုတ်ခမ်းလွှာလေးနှစ်ခုကြားကိုလျှာထိပ်လေးနဲ့ပွတ်သပ်ကျီစယ်လိုက်တော့ ပွင့်အာလာတဲ့ခံတွင်းနွေးနွေးလေးကရှောင်းကျန့်ကိုအလိုက်တသိကြိုဆိုတာမို့ တိုး၀င်ကစားမိတယ်။

ရစ်ပတ်စုပ်ယူလာတဲ့ နူးညံ့အိစက်နေတဲ့အနွေးဓာတ်လေးက ရှောင်းကျန့်ရဲ့သမာဓိကိုစမ်းသပ်နေတာများလား။

ရိပေါ်ရဲ့လည်တိုင်ကျော့ကျော့လေးကိုအသာထိန်းကိုင်ပြီး ဘယ်ညာလှည့်ကာတိုးတိုးပြီးဖိနမ်းတော့ ရှောင်းကျန့်ခါးပေါ်တင်ထားတဲ့ရိပေါ်ရဲ့လက်တွေကပိုလို့တင်းကြပ်လာတယ်။

အဲ့တာတင်မကသေးပဲ ရိပေါ်ကတစ်ဖန် ဦးဆောင်အနမ်းတွေပေးလာတာမလို့ ရှောင်းကျန့်လဲအလိုက်သင့်လေးလိုက်ပါစီးမျောရင်း မိမိကိုအနမ်းပေးနေတဲ့ကလေးပေါက်ရဲ့မျက်နှာနုနုလေးကိုလိုက်ကြည့်နေမိတယ်။

ကလေးဆိုးလေးက နမ်းနေတုန်းမျက်လုံးမှိတ်ထားရတာပိုပြီးအရသာတွေ့တယ်ထင်ပါ့။
မျက်လွှာလေးချပြီး ကြိုးစားပမ်းစားနမ်းနေပုံက တစ်သက်လုံးနမ်းရတာရိုးမသွားချင်စရာလေး။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now