Unicode
ရှောင်းကျန့်တို့မောင်နှမနှစ်ယောက် ဆရာကြီးအိမ်မှာနေခွင့်ရခဲ့တယ်။
ဆရာကြီးတစ်ယောက်တည်းနေတဲ့အိမ်မလို့ သိပ်မကြီးပဲ ခြံလေး၀န်းလေးနဲ့သပ်သပ်ရပ်ရပ်ရှိတဲ့ အဖြူရောင်တစ်ထပ်အိမ်လေး။
အခုဆိုရင် ရှောင်းကျန့်တို့ဆရာကြီးအိမ်ရောက်တာ နှစ်ရက်မြောက်နေ့ပင်။
ဒီကြားထဲ ပါးကလာမရှာခဲ့သလို အဆက်အသွယ်လုပ်ခြင်းတောင်မရှိ။ကြည့်ရတာ ရှောင်းကျန့်နဲ့ချန်းချန်းက ပါးရဲ့ဘ၀မှာ အရေးမပါတဲ့တည်ရှိမှုမျိုးသာဖြစ်မည်။
"ကိုကို....ချန်းချန်းတို့ကဒီမှာတသက်လုံးနေရမှာလားဟင်"
"နေလို့ ဘယ်ဖြစ်မလဲညီမလေးရယ်၊အန်တီကျင်းစိတ်ဆိုးနေလို့ ကိုကိုခနလိုက်လာတာ၊သူများအိမ်မှာအပြီးနေလို့မရဘူးလေ၊ဆရာကြီးကိုလဲ အားနာဖို့ကောင်းတယ်"
"ချန်းချန်းက ဒီအိမ်ကိုကြိုက်လို့ဟာကို၊ဒီမှာဆို ကုတင်ကြီးလဲရှိတယ် အခန်းကလဲအကျယ်ကြီးပဲ"
"နောက်ကျရင် ချန်းချန်းဒီလိုနေလို့ရအောင် ကိုကိုကထားပေးမှာပေါ့"
"တကယ်လား?"
"တကယ် ကတိပေးတယ်"
"ယေး ဒါမှချန်းချန်းရဲ့ကိုကိုကွ....မွ!"
ရှောင်းကျန့်ပါးကိုနမ်းရင်းပြုံးရွှင်နေရှာတဲ့ညီမလေးကချစ်စရာ။
'ဒီကိုကိုက ညီမလေးအမြဲတမ်းပြုံးနေရအောင် အကောင်းဆုံးတွေချည်းဖန်တီးပေးမယ်လို့ ကတိပေးတယ်'
ရှောင်းကျန့် အိမ်အကူအန်တီကြီးကိုညစာကူပြီးပြင်ဆင်ပေးနေတုန်း မီးဖိုခန်းထဲကိုအန်တီယွီရင်၀င်လာတယ်။
"ရှောင်းကျန့်လေး ဘာတွေလုပ်နေတာလဲ...မီးဖိုချောင်အလုပ်တွေကူစရာမလိုပါဘူးဆိုသားရယ်၊မတော်တဆ အပူတွေ ဘာတွေလောင်ကုန်ရင်ဘယ်လိုလုပ်မလဲ"
JE LEEST
Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)
Fanfictieအဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။ #Zhanyi fanfiction❣️ အဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။