Chapter-37

2.3K 164 9
                                    

Unicode

မှန်တံခါးမှဖောက်ထွက်တိုး၀င်လာတဲ့ ခပ်နွေးနွေးနေရောင်ခြည်က မျက်နှာကို ကလူကျီစယ်နေကာ ခပ်စူးစူးအလင်းရောင်ကလည်းအိပ်စက်ခြင်းကိုနှောင့်ယှက်လိုက်တာကြောင့် ရိပေါ်အိပ်ယာကနိုးလာတယ်။

Alcoholကောင်းမှုအကြောင်းပြုလို့ ခေါင်းတစ်ခုလုံး လေးလံကိုက်ခဲနေပြီး မျက်လုံးအစုံကိုမနည်းအားယူဖွင့်လိုက်တော့ ပြာတာတာအလင်းတန်းတွေက ရိပေါ်ရဲ့မြင်ကွင်းထဲမှာအလုအယက်နေရာယူလို့ရယ်။

ထိုအလင်းတန်းတွေနဲ့အတူ ညတုန်းကပုံရိပ်ယောင်တွေက ရုပ်ရှင်ပိတ်ကားထက်မှာသက်၀င်လှုပ်ရှားနေတဲ့ဇာတ်ကွက်တွေလိုမျိုး တစ်ကွက်ချင်းသေချာရုပ်လုံးကြွလို့ပေါ်ထွက်လာတယ်။

မှတ်ဥာဏ်ပိတ်ကားထက်က အနမ်းခန်းတစ်ခန်းကို ပီပီသသထင်ထင်ရှားရှားမြင်လိုက်ရပြီးနောက်

‌"ရှောင်းကျန့်!"

ရိပေါ် လှဲနေရာနေ ဖျတ်ကနဲထထိုင်ပြီး ဘေးဘီဝဲယာကိုကြည့်တော့ ညတုန်းကရိပေါ်ကိုတယုတယထွေးပွေ့ခဲ့တဲ့ရှောင်းကျန့် ကိုမတွေ့ရဘဲ လူတစ်ကိုယ်စာဖက်လုံးတစ်လုံးကသာ ငြိမ်သက်စွာလဲလျောင်းလျက်။

ကုတင်ဘေးက စားပွဲပေါ်တင်ထားတဲ့ဖုန်းကိုလှမ်းယူပြီးဖွင့်ကြည့်တော့ 10:05AM ဆိုတဲ့ဂဏန်းလေးက screenထက်မှာအထင်အရှား။

တိတ်ဆိတ်အေးစက်နေတဲ့အခန်းက ဗလာသက်သက်ဆိုတဲ့ခံစားချက်တွေကို ရိပေါ်ရင်ထဲထည့်ပေးလိုက်တယ်။

~knock knock~

အခန်းတံခါးခေါက်သံက ရိပေါ်ရဲ့အာရုံတွေကိုဖမ်းစားလိုက်တယ်

'ရှောင်းကျန့်များလား!'

တံခါးဆီကိုအပြေးတပိုင်းသွားပြီး ဆွဲဖွင့်လိုက်တော့

"ရိပေါ်...နင် Beijingပြန်ဖို့အဆင်သင့်လုပ်ထားတော့"

မြင်လိုက်ရတာက ရိပေါ်မျှော်လင့်‌နေတဲ့ ရှောင်းကျန့်မဟုတ်ခဲ့။

ဒါပေမယ့်လည်း ရိပေါ်ပျော်တယ်။

ဘာလို့ဆိုရှေ့မှာရပ်နေတဲ့သူက ညက ရိပေါ်ဆီကိုရှောင်းကျန့်ရောက်လာခဲ့တယ်ဆိုတာ အတည်ပြုပေးနိုင်တဲ့တစ်ဦးတည်းသောသူမဟုတ်လား။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now