Unicode
ဂိုဒေါင်အဟောင်းတစ်ခုဖြစ်ပုံရတဲ့ အခန်းကျယ်ကြီးတစ်ခုမှာ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းတဲ့ လူငါးယောက်ကမတ်တပ်ရပ်နေပြီး ဥပဓိရုပ်ကြည့်ရုံနဲ့တင် လက်ရဲဇက်ရဲနိုင်မယ့်လူမိုက်သွင်ပြင်မျိုးကိုမြင်နေရတယ်။
ရှေ့မှာတော့ ဒဏ်ရာဗလပွနဲ့သွေးအလိမ်းလိမ်းပေကျံနေတဲ့လူတစ်ယောက်က ထိုင်ခုံမှာလက်ပြန်ကြိုးတုပ်လျက်သားအနေအထားတိုင်းသတိလစ်မေ့မျောလျက်။
မျက်နှာတစ်ခုလုံးဖူးယောင်နေပြီး နှုတ်ခမ်းတွေကလည်းပေါက်ပြဲကာသွေးတွေစီးကျနေသေးတာမလို့ လူရုပ်ပင်သေချာမပေါ်ချင်တော့။
"ဟိတ်ကောင်တွေ....Bossလာပြီ ဒီကောင့်ကိုနှိုးလိုက်တော့!"
~ဗွမ်းးးးး~
သတိမေ့နေသူရဲ့မျက်နှာကိုရေနဲ့ပက်လိုက်တော့ မျက်ခွံတို့လှုပ်လာသော်လည်း အထိုးအကြိတ်ခံထားရသည့်ဒဏ်ရာများကြောင့်မျက်လုံးကောင်းကောင်းမဖွင့်နိုင်သေးချေ။
မီးသီးဝါကျင်ကျင်လေးတစ်လုံးသာဖွင့်ထားသည့် ဂိုဒေါင်ထဲကို မနှေးမမြန်တစ်လှမ်းချင်းလှမ်းလာသည့်ခြေသံက လွှမ်းမိုးလာသည့်အခိုက်မှာတော့ ပတ်၀န်းကျင်လေထုပင်အေးစက်သွားသည့်အလား။
ခြေလှမ်းကျဲတွေနဲ့လျှောက်လှမ်းလာသူက ချောမောခံ့ညားတဲ့ရုပ်ရည်ရှိနေပေမယ့် နှုတ်ခမ်းထက်ကအေးစက်စက်အပြုံးကြောင့် မြင်ရသူတိုင်းကိုကျောစိမ့်စေတယ်။
ဝါဖျော့ဖျော့မီးလုံးရဲ့အကူအညီနဲ့တင် ထိုသူရဲ့နှုတ်ခမ်းပါးအောက်ကမှဲ့လေးကလင်းလက်လို့ရယ်။
နွေးထွေးနူးညံ့ခြင်းတွေအစဉ်ကိန်းအောင်းနေလေ့ရှိတဲ့မျက်၀န်းအစား ရက်စက်မှုတွေပြည့်နှက်နေသည့်အကြည့်တို့ကပြိုင်ဘက်ကင်းတောက်ပနေတယ်။
ဒါကလူတွေမမြင်ကြတဲ့ ရှောင်းကျန့်ရဲ့တစ်ဖက်ခြမ်းပေါ့။
တစ်နည်းပြောရရင် ရှောင်းကျန့်ရဲ့မျက်နှာဖုံးတစ်ခု။
ရှောင်းကျန့်ဆိုတဲ့သူက လူတွေပြောလေ့ရှိသလို မင်းသားအယောင်ဆောင်ထားတဲ့ဘီလူးတော့မဟုတ်ဘူး။
လိုအပ်ရင်လိုအပ်သလို ဘီးလူးခေါင်းဆောင်းရတဲ့မင်းသားတစ်ပါး။
YOU ARE READING
Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)
Fanfictionအဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။ #Zhanyi fanfiction❣️ အဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။