Chapter-25

2K 160 6
                                    

Unicode

မိမိရှေ့မှာလက်ချင်းချိတ်ထားတဲ့စုံတွဲကြောင့် ရိပေါ်စိတ်ထဲယောက်ယတ်ခတ်နေပြီး ဘာစကားတစ်ခွန်းမှမဆိုမိပဲ လက်ဖြူဖြူသွယ်သွယ်တစ်စုံကတွယ်ချိတ်ထားတဲ့ ရှောင်းကျန့်ရဲ့သွေးကြောအသွယ်သွယ်ယှက်ဖြာနေတဲ့လက်ဖွေးဖွေးဆီသာအကြည့်တွေပို့ထားမိတယ်။

ရှောင်းကျန့်ကိုမိန်းမလှလေးတစ်ယောက်နဲ့တွဲတွေ့ရလို့ ယောက်ျားလေးအချင်းချင်းမနာလိုတာမျိုးမဟုတ်ဘဲ ကိုယ့်ချစ်သူကိုတစ်ခြားတစ်ယောက်နဲ့တွဲတွေ့ရလို့စိတ်တိုသလိုမျိုးဖြစ်တာ။

သေချာတာတော့ ရိပေါ်ကချန်းချန်းကိုသ၀န်တိုနေတာမဟုတ်ဘဲ ရှောင်းကျန့်ကိုသ၀န်တိုနေတာ။

သ၀န်တိုတယ်ဆိုတဲ့ခံစားချက်ကြီးကြောင့် ရိပေါ်ရဲ့နှလုံးသားကသတိပေးချက်တွေတန်းစီထွက်လာတယ်။

'မင်း ရှောင်းကျန့်ကိုချစ်နေပြီ'တဲ့။
ကိုယ့်အတိတ်မှာဘာတွေဖြစ်ခဲ့လဲတောင်မသိတဲ့လူက သတိရ,ရချင်းတွေ့လိုက်ရတဲ့သူကို ရင်ခုန်မိသွားတယ်တဲ့လေ။
ပြီးတော့ အဲ့ဒီလူကလည်း ယောက်ျားတစ်ယောက်တဲ့။

'ဟားဟား ဘယ်လိုတောင်မဆီလျော်မှုကြီးလဲကွာ'

အခုလဲ ရင်ခုန်မိတဲ့ယောက်ျားလေးက သူ့ချစ်သူနဲ့အတူကိုယ့်ရှေ့မှာခြေစုံရပ်နေတယ်။

စွဲလမ်းမိတဲ့မျက်၀န်းလှလှတစ်စုံနဲ့နှုတ်ခမ်းပါးကမှဲ့နက်လေးက ကိုယ့်အပိုင်မဖြစ်နိုင်တော့ဘူးဆိုတဲ့စိတ်ကြောင့် ရိပေါ်ရင်ထဲဒေါသမီးတွေတောက်လောင်စေတယ်။

မြင်မြင်ချင်းအချစ်လို့ပဲပြောရမလား ဒါမှမဟုတ် အတိတ်မှာပတ်သတ်မှုတွေရှိခဲ့လို့များလား။
ဒီအချိန်ခနလေးအတွင်းမှာ ‌ရှောင်းကျန့်ကိုချစ်မိသွားတယ်ဆိုတာက ရိပေါ်လက်မခံချင်လည်းလက်ခံရမယ့်အမှန်တရားတစ်ခု။

တစ်ခါတစ်လေ ရွှန်းလဲ့တောက်ပနေတတ်ပြီး တစ်ခါတစ်လေကျ ညှို့ငယ်သွားကာ၀မ်းနည်းသလိုဆွေးရိပ်သမ်းနေတဲ့ ရှောင်းကျန့်ရဲ့မျက်၀န်းညိုညိုက ရိပေါ်ကိုညှို့ငင်ဆွဲဆောင်နိုင်စွမ်းတွေ  အပြည့်။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Donde viven las historias. Descúbrelo ahora