Chapter-17

2.5K 197 4
                                    

Unicode

သည်းကြီးမည်းကြီးရွာချနေတဲ့ မိုးရေနဲ့အပြိုင်ကောင်လေးနှစ်ယောက်ရဲ့အနမ်းတွေက မရပ်တန့်။

'ပထမဆုံးအနမ်း'

ခိုးယူခြင်းမဟုတ်ပဲနှစ်ဦးသဘောတူဖလှယ်ခဲ့ကြတဲ့ ပထမဆုံးသောအနမ်း။

မိုးရွာတဲ့အချိန်တိုင်း သတိရနေစေမယ့်အခိုက်အတန့်လေး။

ဘယ်လောက်မှန်းမသိတဲ့အချိန်တွေကျော်လွန်ပြီးနောက် ထိကပ်ထားတဲ့နှုတ်ခမ်းနှစ်စုံကိုခွာလိုက်ပြီး တစ်ယောက်မျက်နှာတစ်ယောက်မမှိတ်မသုန်စိုက်ကြည့်နေတဲ့ ရှောင်းကျန့်နဲ့၀မ်ရိပေါ်။

မိုးတိတ်သွားတဲ့နောက် နှစ်ယောက်စလုံးကတော့စိုရွှဲကာကျန်ရစ်ခဲ့တယ်။

ရေစက်တွေသီးနေတဲ့မျက်နှာနုနု နဲ့ နီရဲဖူးကြွနေတဲ့နှုတ်ခမ်းသားတို့ရဲ့ပိုင်ရှင်က ရှောင်းကျန့်ရဲ့မြတ်နိုးရာလေး။

ချစ်ခြင်းတွေယိုဖိတ်ကျနေတဲ့အကြည့်နဲ့ ရိပေါ်ကိုစူးစိုက်ကြည့်နေတဲ့သူက ရိပေါ်ရဲ့ကိုကို။
တလက်လက်တောက်နေတဲ့မျက်၀န်းတွေနဲ့အတူ နှုတ်ခမ်းအောက်ကမှဲ့နက်လေးက ရိပေါ်ကိုရူးအောင်ပြုစားနေတာများလား။

မိမိကိုမျက်လုံးအဝိုင်းသားနဲ့ကြည့်နေတဲ့ ကလေးပေါက်ရဲ့ကိုယ်လုံးလေးကို ရှောင်းကျန့်ကရင်ခွင်ထဲတဖန်ဆွဲသွင်းလိုက်ပြီး

"ကိုကို့အနားကထွက်မသွားပါနဲ့နော် ကလေးလေး"

ရှောင်းကျန့်ရဲ့ အသံတိုးတိုးမှာတောင်းပန်ခလျခြင်းတွေပါသလို၊ချစ်ခြင်းတရားတွေလည်းပျော်၀င်နေတယ်။

'ဘာအကြောင်းကြောင့်မှ အဆုံးရှုံးမခံနိုင်တာသေချာနေပြီ‌မလို့ ရတဲ့နည်းနဲ့ဆွဲထားတော့မယ် ကလေးရယ်'

ရှောင်းကျန့်စကားကိုကြားလိုက်ရတဲ့ရိပေါ်ကတော့ ကိုယ့်နားကိုယ်မယုံချင်။

"ကို..ကိုကို"

"ကိုကို့ကိုထားမသွားပါနဲ့နော် ၊ရိပေါ်ကို ကိုကိုအဆုံးရှုံးမခံနိုင်ဘူး"

"......."

"ရိပေါ်ထွက်သွားရင် ကိုကိုရူးသွားနိုင်တယ်၊သိရဲ့လား"

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now