Chapter-7

2.9K 264 0
                                    

Unicode

ရှောင်းကျန့်နဲ့ရိပေါ်တို့ကားလေးက မြို့စွန်ကတောအုပ်ဆီကို ဖြေးဖြေးမှန်မှန်လေးမောင်းလာခဲ့တယ်။

ရှောင်းကျန့်တစ်ယောက် ကားမောင်းရင်း တစ်ဖက်ကိုကြည့်မိတော့ လည်ပင်းမှာဆွဲထားတဲ့ဆွဲကြိုးလေးကို ဖြူဖြူသွယ်သွယ်လက်ချောင်းလေးတွေနဲ့ ထိကိုင်ရင်း ကားပြတင်းပေါက်ကနေ အပြင်ဘက်ရှုခင်းတွေကိုငေးကြည့်နေတဲ့ ရိပေါ်ရဲ့မျက်နှာလေးကလန်းဆန်းနေတယ်။

နဖူးပေါ်ဝဲကျနေတဲ့ ခပ်အုပ်အုပ်ဆံစံလေးတွေက လေအဝေ့မှာခပ်နွဲ့နွဲ့လေးယိမ်းလို့ရယ်။

ဘေးတိုက်‌မြင်နေရတဲ့ ဖြူဥဥမျက်နှာလေးက နှာတံစင်းစင်းလေးကြောင့် ရုပ်လုံးပိုကြွနေသလို၊
ရေဒီယိုကသီချင်းကို ခပ်တိုးတိုးလိုက်ညဉ်းနေတဲ့
နီရဲရဲနှုတ်ခမ်းဆူဆူလေးက ရှောင်းကျန့်ရဲ့အမြင်အာရုံကိုဖမ်းစားထားတယ်။

အရွယ်ရောက်လာတဲ့ရိပေါ်ရဲ့အသံက ခပ်ဩဩလေးနဲ့ရှတတဖြစ်နေတာကြောင့် တစ်မျိုးလေးနားထောင်ကောင်းတယ်။

အဲ့ဒီအပြင် ကားပြတင်းကတဆင့်ဖြတ်ပြီး ၀င်လာတဲ့လေနု‌အေးရဲ့ကျေးဇူးကြောင့် ရိပေါ်ရဲ့ရေမွှေးနံ့သင်းသင်းလေးက ရှောင်းကျန့်နှာခေါင်းတစ်ဝိုက်မှာ ကလူကျီစယ်နေလို့ရယ်။

အမြင်၊အကြားနဲ့အနံ့ခံအာရုံအားလုံးတို့က ရှောင်းကျန့်ရဲ့ရင်ခုန်သံတွေ ကမောက်ကမ,ဖြစ်ကုန်မယ့်လမ်းကို ဦးတည်စေတယ်။

ကိုယ့်ဟာကိုမူမမှန်တာကိုသတိထားမိလာတဲ့ရှောင်းကျန့်က အခုန်မြန်နေတဲ့နှလုံးသားကိုလျစ်လျူရှုပြီး ကားမောင်းတဲ့အပေါ်မှာမနည်းအာရုံစိုက်လိုက်ရတယ်။

တစ်နာရီလောက်မောင်းပြီးတဲ့နောက် တောအုပ်လေးရှိတဲ့နေရာဆီရောက်တယ်။

တောအရမ်းမနက်ပဲ ရေတံခွန်‌နဲ့ချောင်းလေးရှိတာမို့အလည်အပတ်လာရောက်ကြတဲ့သူတွေများတာကြောင့် ကားရပ်စရာနေရာလုပ်ပေးထားတဲ့အပြင် လမ်းညွှန်ဆိုင်းဘုတ်လေးတွေပါထောင်ထားတာမလို့လမ်းမှားမှာလည်းမပူရ။
စွန့်စွန့်စားစားသွားရတဲ့တောလမ်းခရီးလို သည်းထိတ်ရင်ဖိုစရာခံစားချက်မျိုးရမှာမဟုတ်ပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမှာပင်။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now