Unicode
ရင်ခုန်သံတွေစည်းချက်ညီနေတဲ့ကောင်လေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်မလွှတ်တမ်းဖက်လျက်သား။
ရှောင်းကျန့်ခါးကိုကျစ်နေအောင်ဖက်ရင်း ရင်ခွင်ထဲတိုး၀င်လာတဲ့ကောင်လေးကို မိမိဘ၀ထဲအထိ အပြီးဆွဲခေါ်ထားလိုက်ချင်ရဲ့။
ခံစားချက်တွေကိုပါးစပ်ကဖွင့်ဟပြောစရာမလိုလောက်အောင် ထိကပ်နေတဲ့ရင်ခုန်သံတွေကသက်သေ။
"ရိပေါ်~"
"......"
ကလေးပေါက်ကပြန်မဖြေတာမလို့ ရှောင်းကျန့်လဲရိပေါ်ကိုပခုံးကကိုင်ပြီးဖက်ထားရာကနေခွာလိုက်တယ်။
ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို မိမိလက်ထဲထည့်ကာ မျက်နှာကိုမော့စေလိုက်တော့ မျက်၀န်းအိမ်လေးတွေကနီရဲစိုစွတ်နေပြီး ရှိုက်သံမထွက်အောင်အံကြိတ်ထားတဲ့နှုတ်ခမ်းဖူးဖူးလေးက တဆတ်ဆတ်တုန်နေတယ်။
ပါးမို့မို့ပေါ်မှာမျက်ရည်တွေစီးကျလာပြီး တစ်ချက်ရှိုက်လိုက်တဲ့အခိုက်မှာ ရှောင်းကျန့်နှလုံးသားကို အစိုင်အခဲတစ်ခုခုက အရှိန်ပြင်းပြင်းနဲ့၀င်တိုက်လိုက်လိုက်သလို လှုပ်ခါသွားတယ်။
ဒီကလေးရဲ့မျက်ရည်စက်တွေကိုမြင်ရတာ ရင်နာရပေမယ့် ငိုထားလို့အနီရောင်သမ်းနေတဲ့မျက်နှာလေးက ရှောင်းကျန့်ရဲ့ရင်ခုန်သံတွေကိုမြန်လာစေတယ်။
မျက်ရည်တွေကိုလက်မနဲ့ခပ်ဖွဖွသုတ်ပေးရင်း မိမိကိုမကြည့်ပဲ ကြမ်းပြင်ကိုပေါက်ထွက်မတတ်စိုက်ကြည့်နေတဲ့ရိပေါ်ကို
"ရိပေါ် ...မငိုနဲ့တော့ ကိုကို့ကိုကြည့်"
ရိပေါ်က ရှောင်းကျန့်မျက်၀န်းတွေထဲကိုကြည့်လိုက်တဲ့ခဏအတွင်းမှာပဲ တစ်လောကလုံးကအသံတွေနဲ့ပတ်၀န်းကျင်တစ်ခုလုံး ဗလာနတ္ထိဖြစ်သွားသလို။
ရှောင်းကျန့်မျက်၀န်းတွေထဲမှာချစ်ခြင်း၊မြတ်နိုးခြင်းတွေကိုမြင်နေရတယ်လို့ ရိပေါ်ရဲ့အာရုံမှာခံစားမိလာတယ်။
ရှောင်းကျန့်ရဲ့ ချစ်ရည်ရွှန်းတဲ့အကြည့်တွေကြောင့်အနေရခက်လာတဲ့ ရိပေါ်ကအကြည့်လွှဲဖို့ကြိုးစားလိုက်တယ်။
CZYTASZ
Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)
Fanfictionအဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။ #Zhanyi fanfiction❣️ အဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။