Unicode
ရှောင်းကျန့်ရဲ့ Changshaမှာရှိတဲ့အလုပ်ကိစ္စတွေအကုန်ပြီးစီးသွားပြီမလို့ ပျင်းနေရှာတဲ့ကလေးပေါက်ကိုအချိန်ပေးနိုင်ပြီလေ။
အစက တစ်ရက်အတွင်းအလုပ်ကိစ္စတွေအပြီးသတ်ပြီး ကျန်တဲ့ရက်တွေမှာ ရိပေါ်နဲ့အတူတူလျှောက်လည်မယ်လို့တွေးထားခဲ့ပေမယ့် အရေးတကြီးဖြေရှင်းစရာကိစ္စတွေရှိလာတာမလို့ နှစ်ရက်လောက်ကအလုပ်ကိစ္စနဲ့ကုန်သွားခဲ့ရတယ်။
ဒါပေမယ့် ရိပေါ်ကဂျီမကျပဲနားလည်ပေးတာမလို့ရှောင်းကျန့်လဲအလုပ်ကိုစိတ်အေးလက်အေးလုပ်နိုင်တယ်။
ကလေးပေါက်ကပြောသေးတယ်'ကိုကိုနဲ့တူတူရှိနေရရင်ဖြစ်တယ်၊ဘယ်မှလိုက်မပို့လဲကိစ္စမရှိပါဘူး'တဲ့။
'ကြည့်ပါဦးဗျာ ကျွန်တော့်ကလေးလေးကဘယ်လောက်သိတတ်လိုက်သလဲ'
ရိပေါ်ကဘယ်မှမပို့လဲရတယ်လို့ပြောနေပေမယ့် ရှောင်းကျန့်က ရိပေါ်ကို မရောက်ဖူးတဲ့နေရာတွေ၊မစားဖူးတဲ့အစားအစာတွေကိုမြည်းစမ်းစေချင်တာမလို့ Changsha ကနာမည်ကြီးနေရာတွေ၊စားသောက်ဆိုင်တွေကိုနှံ့နေအောင်လိုက်ပို့ပေးဖြစ်တယ်။
ရှောင်းကျန့် Changshaကိုအရင်ကခနခနလာနေကျဆိုပေမယ့်အလုပ်ကိစ္စကြောင့်ပဲဖြစ်တာမလို့ စိတ်ထဲအထူးတလည်မခံစားရ။
အခုတစ်ခေါက်ကတော့အသစ်အဆန်းတွေကိုစူးစမ်းရင်း ချစ်ရသူနဲ့ခရီးထွက်ရတာမလို့ အမှတ်တရဖြစ်စရာတွေအများကြီးကြုံတွေ့ရသလို ရိပေါ်ပျော်နေတာကိုမြင်ရတဲ့အတွက်ရှောင်းကျန့်ရင်ထဲမှာလည်းအတိုင်းမသိကြည်နူးမိတာအမှန်။
ဟိုဘက်ပြေးဓာတ်ပုံရိုက်လိုက်၊ ဒီဘက်ပြေးမုန့်၀ယ်စားလိုက်နဲ့ တက်ကြွပျော်ရွှင်နေတဲ့ရိပေါ်ရဲ့အပြုံးမျက်နှာလေးကိုကြည့်ရင်း ရှောင်းကျန့်မှာအချစ်တွေပိုပိုလို့တိုးလာရတယ်။
Changshaမှာ3ရက်လည်ပတ်ပြီးတဲ့နောက် နေရာအတော်လေးစုံသွားသလို မနက်ကျပေကျင်းကိုပြန်ရမှာမလို့ရှောင်းကျန့်နဲ့ရိပေါ်တို့ လက်ဆောင်ပစ္စည်းတွေ၀ယ်ဖို့ရာChangshaရဲ့ညဈေးကိုထွက်လာခဲ့ကြတယ်။
YOU ARE READING
Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)
Fanfictionအဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။ #Zhanyi fanfiction❣️ အဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။