Chapter-14

2.5K 218 0
                                    

Unicode

ရှောင်းကျန့်ရဲ့တစ်နေ့တာက ရုံးရောက်တာနဲ့အလုပ်စားပွဲကနေ တစ်ချက်ကလေးမှမထရ။

လက်မှတ်ထိုးစရာစာရွက်စာတမ်းတွေပုံနေတဲ့အပြင် ရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းရှင်တွေရဲ့အကြောင်းကိုလည်းလေ့လာနေရသေးတာမလို့ လုပ်စရာတွေကတောင်ပုံရာပုံ။

UKမသွားခင် ဒီကလုပ်ငန်းတွေအတွက်အစီအစဉ်ချပြီးညွှန်ကြားစရာတွေရှိတော့ မကြာခဏဆိုသလို ကုမ္ပဏီရဲ့ဌာနအသီးသီးက၀န်ထမ်းတွေနဲ့အစည်းအဝေးလုပ်ရတယ်။

ဒီကြားထဲ ကျန်းချန်ကိုလည်း ခေါင်းထဲပေါ်သမျှမှာစရာရှိတာတွေ မှာနေရတာမလို့ အားလပ်ချိန်ကိုမရှိ။

ဒီလိုအားလပ်ချိန်မရှိတာတောင်မှ ရိပေါ်အကြောင်းတွေကခေါင်းထဲရောက်လာတတ်သေးတာမလို့ ချက်ချင်းပြေးတွေ့ချင်စိတ်တွေကိုထိန်းချုပ်ထားရတာမသက်သာလှ။

မတွေ့ရတာလည်းတစ်ပတ်ကျော်နှစ်ပတ်လောက်ရှိနေတဲ့အပြင် ဒီရက်ထဲ ဘာကြောင့်မှန်းမသိ ရိပေါ်က ဖုန်းလေးတောင်မဆက်။
ခါတိုင်းဆို တစ်နေ့နှစ်ခါလောက်အကြောင်းမရှိအကြောင်းရှာဆက်တတ်တဲ့သူက ခု‌ဆိုရှောင်းကျန့်ဘက်က စဆက်တာတောင်မကိုင်သလို ပြန်လည်းမဆက်လာတာကြောင့် ရှောင်းကျန့်မှာလွမ်းတဲ့စိတ်ကိုအတင်းမြိုသိပ်နေရတယ်။

တလောက ရုံးခန်းမှာကျန်းချန်ကို ရိပေါ်အကြောင်းပြောပြတိုင်ပင်ထားတာကို အခုထိအကောင်အထည်မဖော်နိုင်လောက်အောင် အလုပ်များနေတာဖြစ်တယ်။

Flash back~~~~

"မင်း ရိပေါ်ကိုချစ်နေတာမလား"

"အင်းးးး..အရမ်းချစ်တယ်"

"အဲ့ဒါဆို ဖွင့်ပြောလိုက်တော့လေ"

"အဲ့တာကပြဿနာဖြစ်နေတာ၊ငါထွက်သွားဖို့ကသိပ်မလိုတော့ဘူး၊သွားဖြစ်ရင်လည်း ဘယ်နှနှစ်ကြာမယ်မှန်းမသိဘူး၊ရိပေါ်ကိုဖွင့်ပြောပြီးရင် သူကငါ့ကိုအဝေးသွားခွင့်ပြုမှာမဟုတ်တာသေချာတယ်၊မင်းသိတဲ့အတိုင်းပဲ ငါ့အခြေအနေကထွက်မသွားလို့လဲမဖြစ်ဘူးလေ၊ပြီးတော့ သူကငယ်သေးတယ်၊သူ့အိပ်မက်တွေရှိသေးတယ်၊ငါ သူ့ကိုအဝေးကနေမမြင်ရတဲ့ကြိုးတွေနဲ့ချည်နှောင်မထားချင်ဘူး"

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now