Chapter-18

2.6K 176 2
                                    

Unicode

ရှောင်းကျန့်နဲ့ရိပေါ်တို့နှစ်ယောက်စလုံး စားသောက်ခြင်းကိစ္စပြီးစီးသွားတာနဲ့ အခန်းဆီကိုပြန်လာခဲ့ကြတယ်။

Restaurantမှာတုန်းက ရှောင်းကျန့်အဖြစ်ကိုကြားပြီးခွက်ထိုးခွက်လန်ရီမောနေခဲ့တဲ့ရိပေါ်က အခန်းသွားရာလမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမှမဆိုသလို ရှောင်းကျန့်ဘက်ကလည်းတိတ်ဆိတ်လျက်။

ခုန'ကိုကို','ကလေးလေး'ဆိုပြီး သည်းခဲ့တာကသူတို့မဟုတ်တော့တဲ့အတိုင်း ခပ်အမ်းအမ်းဖြစ်နေကြဆဲ။

ရှောင်းကျန့် ကုတင်အစွန်းမှာ၀င်ထိုင်ပြီးသည်အထိ ရိပေါ်က တံခါးဝနားမှာမတ်တပ်‌ရပ်နေတုန်းပင်။

ရိပေါ်အနေရခက်နေမှန်းရိပ်မိတဲ့ ရှောင်းကျန့်က

"ရိပေါ် အဲ့ဒီမှာဘာရပ်လုပ်နေတာလဲ၊ဒီကိုလာခဲ့လေ"

"ဗျာ... ဟုတ်ဟုတ်"

ရှောင်းကျန့်ခေါ်လိုက်မှ အနားကိုလာရပ်တဲ့၀မ်ရိပေါ်။

ရှောင်ကျန့်ခမျာ တစ်နေကုန်အလုပ်ပင်ပန်းထားတဲ့အပြင် ရိပေါ်ကိုလိုက်ရှာထားရတာမလို့  အိပ်ငိုက်ပြီး မျက်လုံးတွေစင်းကျနေတယ်။

အမှောင်ရော သရဲရောကြောက်တတ်တဲ့ကလေးပေါက်ကို တစ်ယောက်တည်းထားပြီးအိပ်ဖို့စိတ်မချတာ‌ကြောင့် အတင်းတောင့်ခံထားပေမယ့်တဝါးဝါးသမ်းနေတာမလို့ မျက်ရည်တွေတောင်ဝဲလျက်။

"အိပ်ချင်လိုက်တာ"

"ကိုကိုအိပ်ချင်ရင်အိပ်လိုက်တော့လေ"

"ရိပေါ်ကရောမအိပ်သေးဘူးလား"

"ဟို... ကျွန်တော်ဂိမ်းခနဆော့ဦးမယ်"

"ဟင် တစ်ယောက်တည်းနေရဲလို့လား"

"လူကိုများအထင်သေးလို့ ၊ဒီလောက်တော့ရပါတယ်၊တစ်ခုခုဆို ကိုကို့ကိုနှိုးလိုက်မယ်လေ"

"အင်းပါအင်းပါ အရမ်းတော့ညဉ့်မနက်စေနဲ့နော်"

"ဟုတ် တစ်ပွဲနှစ်ပွဲပဲ၊ ဟီးဟီး"

"ပြီးရော၊ အဲ့တာဆို သွားတိုက်ပြီးခြေလက်ဆေးကြမယ်၊ရိပေါ် အရင်လုပ်နှင့်လိုက် ကိုကိုကအ၀တ်လဲဦးမှာ"

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now