Chapter-9

2.8K 252 3
                                    

Unicode

ဦးခေါင်းဆီက လေးလံကိုက်ခဲမှုနဲ့အတူ ရိပေါ်နိုးလာတယ်။

အားယူဖွင့်ရတဲ့မျက်လုံးတွေက အလင်းရောင်စူးစူးရဲ့ဒဏ်ကိုမခံနိုင်သေးတာကြောင့် မြင်ကွင်းဟာမှုန်ဝါးဝါး။

နောက်တော့ ရှေ့တည့်တည့်မှာရှိတဲ့မီးလင်းဖိုထဲက ခပ်ရဲရဲမီးစတချို့နဲ့ ပြာဖုံးလုနီးနီးမီးပုံကမီးခိုးခပ်ငွေ့‌ငွေ့တို့ရဲ့ သဏ္ဍာန်ကတဖြည်းဖြည်းချင်းထင်ရှားလာတယ်။

အသိစိတ်တွေ ပုံမှန်အတိုင်းပြန်လည်ပတ်တဲ့အချိန်မှာတော့ ကျောပြင်ဆီကနွေးထွေး‌မှုတစ်ခုကိုသာမက ပါးပြင်ပေါ်ကမွှေးညင်းနုတို့ကိုလာထိခတ်နေတဲ့‌ လေငွေ့နွေးနွေးတို့နဲ့အညီ စည်းချက်ကျနေတဲ့အသံရှူသံအစုံက ရိပေါ်ရဲ့နားဖျားကိုတိုးဝှေ့နေမှန်း ခံစားသိရှိလာရတယ်။

အနည်းငယ် မျက်လုံး၀င့်ကြည့်မိတော့ ရိပေါ်ရဲ့တစ်ဦးတည်းသောမြတ်နိုးရာဖြစ်တဲ့ကိုကိုက ရိပေါ်ပခုံးပေါ် မေးတင်ထားကာ အိပ်မောကျနေတယ်။

ခါးဆီက တင်းကြပ်နေတဲ့ခံစားမှုကြောင့်ငုံ့ကြည့်မိတော့ ရိပေါ်ခါးကို အနောက်ကနေကျစ်ကျစ်ပါအောင်သိုင်းဖက်ထားတဲ့ အကြောရေးရေးတို့ယှက်ဖြာရာလက်တစ်စုံကိုမြတ်နိုးဖွယ်တွေ့မြင်ရတယ်။

ကိုကိုက တစ်ညလုံးထိုင်ရက်သားအတိုင်း ရိပေါ်ရဲ့ခန္ဓာကိုယ်ကိုထိန်းထားပေးရပုံပဲ။

မျက်နှာကို နဂိုအနေအထားထက်ပိုစောင်းလှည့်လိုက်ပြီး ကိုကို့ရဲ့ပါးပြင်ကို မိမိရဲ့နှာခေါင်းထိပ်နဲ့ အသာတို့ထိမိတော့ နူးညံ့တဲ့အထိအတွေ့က ရင်ခုန်နှုန်းတွေကိုမြန်လာစေတယ်။

အိပ်မောကျရှာနေတဲ့ရှောင်းကျန့်ရဲ့ မေးရိုးထင်းထင်းနဲ့နှာတံတို့ကို နှုတ်ခမ်းလေးဆူကာဖြင့်ခပ်ဖွဖွအနမ်းတွေကျဲချနေတဲ့ရိပေါ်က ဆော့စရာရနေတဲ့ ကလေးငယ်လေးတစ်ဦးလို။

ရှောင်းကျန့်ရဲ့ ပါးတစ်ဝိုက်ကိုနမ်းရုံနဲ့တင်အားမရသေးတဲ့ရိပေါ်က ရှိရှိသမျှမျက်နှာအစိတ်အပိုင်းတိုင်းကို နေရာလပ်မကျန်လိုက်နမ်းတဲ့အထိ ရဲတင်းနေတယ်။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now