Chapter-31

2.1K 160 3
                                    

Unicode

ခပ်နွေးနွေးနေမင်းရဲ့အလင်းရောင်က ခန်းဆီးကိုထိုးဖောက်ဖြတ်ကျော်ကာ ရိပေါ်မျက်နှာထက်ကိုကျရောက်လာတာမလို့ အကျင့်ပါနေတဲ့မျက်လုံးတို့ကအလင်းကိုတုံ့ပြန်ကာနေ့သစ်ကိုဖွင့်လှစ်လိုက်တယ်။

မျက်လုံးဖွင့်ဖွင့်ချင်းခေါင်းထဲ၀င်လာတဲ့အတွေးက
'သူရော အခုနိုးနေပြီလား'တဲ့။

ရယ်တော့ရယ်ရသား....။
မိုးလင်းလို့မျက်လုံးနှစ်လုံးပွင့်တာနဲ့ အတိတ်မှာတုန်းကကိုယ့်ကိုထားသွားခဲ့တဲ့သူကိုသတိရနေတတ်တဲ့အကျင့်က ပစ္စုပ္ပန်အချိန်ထိ တရက်မှမပျက်ကွက်ခဲ့ဖူးဘူး။

ဒါပေမယ့် ဒီနေ့ကအရင်နေ့တွေနဲ့မတူပဲပိုထူးခြားတယ်။
ဘာလို့ဆို သတိရနေမိတဲ့သူကကိုယ့်နဲ့ဘေးချင်းကပ်အခန်းမှာရှိနေတယ်လေ။
ညကအခန်းကိုပြန်လာတော့ ရိပေါ်နောက်ခပ်လှမ်းလှမ်းကနေလိုက်လာတဲ့ ရှောင်းကျန့်က ရိပေါ်ရဲ့ဘေးကပ်ရပ်ခန်းမှာတည်းနေတယ်ဆိုတာကိုသိလိုက်ရတယ်။

Hotelတွေမှာတည်းရင် ကြောက်လို့ စိတ်ဖြောင့်ဖြောင့်နဲ့အိပ်မပျော််တတ်တဲ့ရိပေါ်က မနေ့ညကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာ ဘေးအခန်းကလူကြောင့်များလား။

တစ်စင်တီမီတာလောက်ဖြစ်ဖြစ်ပိုနီးနေတယ်ဆိုရင်ပဲ စိတ်ထဲလုံခြုံနေပြီးကြည်နူးသလိုလို၊ရင်ခုန်သလိုလိုဖြစ်နေတတ်တာ အချစ်ဆိုတဲ့ခံစားချက်ကြောင့်ထင်ပါရဲ့ ။

အဲ့ဒီအချစ်ကိုတခြားဘသူမှမသိအောင်ဖုံးကွယ်ထားချင်မိတာကတော့ ရင်ထဲကအကြောက်တရားကြောင့်ဖြစ်တည်လာတဲ့ဦးနှောက်ရဲ့စေခိုင်းမှုပဲပေါ့။

အတ္တကြီးတယ်ပဲပြောပြော ကိုယ်ချစ်သလောက်ပြန်အချစ်မခံရမှာကြောက်တယ်။
ဂရုစိုက်မှုတွေကိုမျှော်လင့်ထားသလောက် ပြန်မရနိုင်မှာကြောက်တယ်။
အထူးသဖြင့် နောက်တစ်ကြိမ်ထားသွားခံရမှာကိုကြောက်တယ်။

အကယ်၍ တစ်ဖက်ကနည်းနည်းလေးလောက်ဖြစ်ဖြစ်လိုအပ်ချက်ရှ်ိသွားခဲ့ရင် ကိုယ်ပဲသေလောက်အောင်ခံစားရမယ်ဆိုတာကို နှလုံးသားကအလိုလိုနားလည်‌နေတာမလို့ ထပ်ပြီးနာကျင်ရမှာကြောက်တယ်။
ပထမတစ်ကြိမ်ထားခဲ့ခံရတုန်းက နာကျင်ကြေကွဲမှုအတိုင်းအဆက ရိပေါ်ကိုသင်ခန်းစာတွေအများကြီးသင်ပေးသွားတယ်။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now