part 14 (Unicode)

8.9K 1K 61
                                    

Part 14

"အမိ...၊ ကြာပြာတွေကို သဘောကျရဲ့လား၊ နောက်ပြီး နွယ့်ကိုရော စိတ်ဆိုးနေဆဲလား"

သစ်ခက်နွယ်ဟူသည့် မိန်းမပျိုသည် မိမိအား မကြည့်။ ကြည်လဲ့သော ရေပြင်ထက် ခဲလုံးတစ်လုံးကို လှမ်းပစ်ရင်း တိုးတိုးလေး အမေးရှိသည်။ မေးခွန်းက နှစ်ခု။ ဘယ်တစ်ခုကို အရင်ဖြေရင် ကောင်းမလဲလေ။

"အစ်မ၊ ကြာပန်းတွေကို သဘောကျပါတယ်၊ နောက်ပြီး နွယ့်ကို စိတ်ဆိုးနေချင်သေးတယ်"

"အို...ဘာရယ်၊ နွယ့်ကို အကြာကြီးစိတ်ဆိုးရအောင်များ အမိကို ကြာပန်းပေးလိုက်မိတာများလားကွယ်၊ နွယ်တော့ မှားပြီထင်ပါရဲ့"

ကြာပန်းတွေကို တယုတယထွေးပိုက်ထားသူ မိမိကို နွယ်က ခပ်ယဲ့ယဲ့လေး ပြုံးပြသည်။ နွယ်မျက်ဝန်းမှာလည်း ဝေခွဲရခက်တဲ့ အကြည့်တွေက ဝေ့သီနေလျက်။

"နွယ် အစ်မကို ဘာလို့ဒီလိုတွေလုပ်နေရသလဲ ဟင်"

"‌အယ် နွယ်ဘာလုပ်နေလို့လဲ"

"ဒီလိုမျိုးတွေလေ ၊မဟုတ်မှလွဲရော အစ်မ စိတ် ကောက်နေတယ်ဆိုပြီး နွယ်က ချော့နေတာလား"

ကျွန်မဟုလည်း မသုံး၊ ယွန်းလို့လည်း မသုံးနှုန်း။ အစ်မဟူသော နာမ်စားဖြင့် နွယ့်၏ အားကိုးရာ အစ်မကြီးဖြစ်ချင်မိသည်။ ထို့ကြောင့် အသေအချာပင် ထိုသို့ ခဏခဏ သုံးနှုန်း၍ ပြောမိရ၏။

နွယ်ထံမှ နောက်ထပ်စကားကို စိတ်လှုပ်ရှားစွာ စောင့်မျှော်မိသည်။ နောင်အခါများမှာလည်း နွယ့်အနားမှာ စကားတွေ အဆက်မပြတ်ပြောရင်း ငြိတွယ်သွားမည့် ပင်စည်အနားက မြေဆီလွှာလေး အိပ်မက်ကို အကောင်အထည်ဖော်ချင်လှ၏။ နွယ့်ကို အထီးမကျန်စေရ။ နွယ့်ကို တစ်ယောက်တည်းမထား။ အနားမှာ အမြဲရှိချင်လှပါသည်။

နွယ်က ကောင်းကင်ကို မော့ကြည့်သည်။ ထို့နောက် လေတွင် လွင့်မျောနေသော ဆံနွယ်စတို့ကို လက်ဖြင့် စုသိမ်းပြီး တစ်ပတ်လျှိုဆံထုံးလေး ထုံးလိုက်သည်။ နွယ်ဟာ ယွန်းမှီကို ခုထိ မကြည့်။ အရှေ့ကိုသာ တည့်တည့်ရှုသည်။

"ဒါဖြင့် အမိက စိတ်ကောက်နေတာ မဟုတ်ဘူးပေါ့ ဟုတ်သလား"

"နွယ် အဲဒီနေ့က အစ်မကို ဘာလို့အော်သလဲ"

သံယောဇဉ် နွယ် [Completed]Where stories live. Discover now