part 33 (Unicode)

8.8K 1K 45
                                    

Part 33

"မြေဆီလွှာဆိုတာ တောင်သူတွေရဲ့ အသက်သွေးကြောပဲ ၊ သားစဉ်မြေးဆက် လက်ဆင့်ကမ်းသွားရမဲ့ အမွေဟာ ‌လယ်ယာမြေမဟုတ်လား ၊ ဒါကြောင့် အဲဒီအမွေကို မပျောက်ပျက်အောင် ထိန်းသိမ်းနည်း ၊ စောင့်ရှောက်နည်းကို သိထားသင့်တယ်"

ကျစ်ဆံမြီးနက်နက်လေးက ပုခုံးထက်မှတစ်ဆင့် ရင်ညွှန့်ဆီသို့ တွဲခိုကျနေသည်။ စိမ်းပြာရောင်နုနု လုံချည်လေးနှင့် အပွင့်စိပ်စိပ်လေးတွေခြယ်သော ရင်ဖုံးအင်္ကျီ။  မှဲ့နက်နက်ကလေး၏ တောက်ပမှုနှင့်အတူ သနပ်ခါးခပ်ပါးပါးကြောင့် အေးမြစွာ ၊ ထို့ပြင် ယဉ်နုစွာ လှနေ၏။ 

"တို့တောင်သူတွေဟာ သီးနှံအထွက်နှုန်းကိုပဲ စိတ်ဝင်စားကြတယ်၊ ရေတိုအမြတ်အစွန်းရဲ့ နောက်ကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်လိုက်တတ်ကြတယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့ထမင်းရှင် မြေယာကိုတော့ ဂရုတစိုက် ထိန်းသိမ်းပေးဖို့ မေ့လျော့နေတတ်ကြတာပဲ "

နွယ်.....။
မှန်၏။
မိမိ၏ သံယောဇဉ်ကလေး နွယ်ဖြစ်သည်။ ချိုလွင်ပြတ်သားသော အသံလေးမှတဆင့် သူမထံမှ ကိုယ့်ကိုကိုယ် ယုံကြည်မှုကို မြင်ရသည်။ စူးရဲတောက်ပသော ထိုမျက်လုံးများမှတဆင့် သူမ၏ စိတ်အားထက်သန်မှုကို ခံစားမိသည်။

ရွာသူရွာသားများသည် နွယ့်၏ ဟောပြောပို့ချမှုကို အာရုံစူးစိုက်၍ အလေးအနက် နားထောင်လျက်ရှိသည်။ ပတ်ဝန်းကျင်၌ တိတ်ဆိတ်ငြိမ်သက်လျက် နွယ့်၏ အသံကိုသာ ကြားရသည်။ တောင်သူများက မေးသမျှကို နွယ်ဟာ တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေဆိုနေသည်။ လက်ဟန်၊ခြေဟန် အပြည့်ဖြင့် နွယ်သည် နားလည်နိုင်အောင် ကြိုးစားရှင်းပြ‌၏။

ထိုအခိုက် နွယ်ဟာ သန်မာသော ပန်းနွယ်ရုံတစ်ခုနှင့်တူသည်။ အကိုင်းအခက်တို့ ဝေဆာစွာ ခွဲဖြာနေသော ပန်းနွယ်ရုံကလေး။ အဖူးအပွင့်တို့ဖြင့် ဝေဆာနေသော ပန်းနွယ်ရုံကလေး။
ခင်ယွန်းမှီ၏ နွယ်ကလေးဟာ ထိုကဲ့သို့ ခန့်ညားလှပစွာ တည်ရှိနေ၏။

ငုဝါတို့အိမ်ဝင်းထဲတွင် ထိုဟောပြောပွဲ၊ အသိပညာပေးပွဲကို ကျင်းပခြင်းဖြစ်သည်။ နွယ်သည် ပြန်ရောက်ရောက်ခြင်း ပထမဆုံးပြုလုပ်သည့် အရာမှာ ထိုတောင်သူပညာပေးပွဲဖြစ်သည်။
ယွန်းမှီသည် အတန်ငယ်ဝေးကွာသော နေရာမှ နွယ့်ကို ငေးနေမိသည်။ ဆီးကြိုထွေးပွေ့မှုကို ပြုလိုက်ချင်သော်လည်း အခြေအနေအရ ထိုဆန္ဒကို ချိုးနှိမ်ထားရသည်။

သံယောဇဉ် နွယ် [Completed]Where stories live. Discover now