part 25 (Unicode)

9.5K 1K 78
                                    

Part 25

ခြေဖဝါးက နုနယ်လွန်းနေသည်။
ပြေးသော်လည်း ခရီးမတွင်လှ။
ဖိနပ်လှလှလေးကို  ပြတ်မည်စိုး၍ ချွတ်၍ ကိုင်ထားရသည်။ လယ်ကြားလမ်းကလေးမှာ သူရှိမလားလို့ အခါခါ မျှော်လင့်လျက် ဟိုဟိုသည်သည်လည်း စူးစမ်း ကြည့်ရသေး၏။

သစ်ခက်နွယ်ကလေးဟာ လေနှင်ရာ လွှင့်လေရော့သလား။
အမှီတိုင်လေးဆီမှ ဝေးရာ ပြေးလေးရော့သလား။

ကံတရားက မျက်နှာသာ ပေးပေလို့သာ တော်တော့၏။ နောက်ဆုံးတော့ ကန်ဘောင်စပ်၌ တွေ့ခဲ့ပါပြီ။
ချစ်ရတဲ့ နွယ်ဟာ ကန်ရေပြင်ကို မျက်နှာမူနေလျက် ထိုင်နေ၏။ ရေပြင်ထက်တွင် လှိုင်းငယ်လေးများ လူးလွန့်ဆဲဖြစ်သည်။ တစ်စုံတစ်ဦးက ရေပြင်ကျယ်၌ တစ်စုံတစ်ရာကို လောလောလတ်လတ် ပစ်ပေါက်ထားဟန်တူသည်။

"နွယ်"

ရုတ်တရက်ဆန်သော ရောက်ရှိလာခြင်းနှင့်အတူ ကျယ်လောင်သော ခေါ်မြည်သံနှင့် အကြင်သူအား နှုတ်ဆက်လိုက်မိသည်။

ဆတ်ခနဲ တုန်သွားသော ခန္ဓာကိုယ်လေးဟာ အပြေးလှမ်း၍ ပွေ့ဖက်လိုက်ချင်စရာ။ အရင်ကတော့ဖြင့် သည်လိုအချိန်ဆို ရှက်စိတ်ကြောင့် မိမိခေါင်းကို ငုံ့ထားမိလိမ့်မည်။
ယခုတော့.....

တည့်တည့်ကြည့်မှ သူ့ နှလုံးသားထဲက ဂရုဏာသက်ဖွယ် မေတ္တာငယ်ကို ထိုးထွင်းမြင်ရတော့သည်။ ငိုရမှာ ကြောက်တဲ့ ကလေးငယ်လေးဟာ အထီးကျန်စွာ ထိုင်နေရှာတာပါလား။

သန်မာချင်ယောင်ဆောင်ထားတတ်တဲ့ သည်ကလေး။ ပူပန်မှုကို ဖုံးကွယ် ဟန်ဆောင်ထားတတ်တဲ့ အမှုအရာတွေနှင့် ကလေးလေး။ မသွားပါနဲ့လို့ တားလိုက်ချင်စိတ်ကို သူ့ခမျာ မြိုသိပ်ထားရှာပြီ ထင်ရဲ့။ သစ်ခက်နွယ်ဆိုတဲ့ ကညာပျိုဟာ သူ့အားနည်းချက်ကို တတ်နိုင်သမျှ ကွယ်ဝှက်ထားတတ်တာမဟုတ်လား။ လူတွေဆီက သနားစရာအကြည့်တွေကို သူက သိပ်မုန်းတာလေ။

ခက်လိုက်တဲ့ ကလေးမ။ သည်အစ်မ ရင်ခွင်မှာတော့  အရိုးသားဆုံး ပြိုလဲလိုက်စမ်းပါလားကွယ်။

"အမိ ဘယ်လိုရောက်လာတာလဲ...."

ယွန်းမှီ ဘာမျှ ပြန်မပြောဘဲ သူ့ဘေးမှာ တိတ်တဆိတ် ဝင်ထိုင်လိုက်သည်။ နွယ့် ခြေထောက်ဘေးက ကျောက်စရစ်ခဲလေးတွေကို ကောက်ယူလျက် ကန်ရေပြင်ထံ ပစ်လွှတ်လိုက်၏။ ပလုံ ခနဲ မြည်သံနှင့်အတူ လှိုင်းလေးများ ကူးခတ်သွားသည်။

သံယောဇဉ် နွယ် [Completed]Donde viven las historias. Descúbrelo ahora