part 24 (Unicode)

8.1K 1K 36
                                    

Part 24

"ဘကြီးရယ်... ကျွန်မက..."

"တစ်ယောက်ယောက်ကို ချစ်လိုက်ပြီဆိုတာနဲ့  ကိုယ့်စိတ်ကို သူများကို ပေးလိုက်ရတာပဲ၊ ကိုယ့်ပျော်ရွှင်မှုကို အခြားသူထံမှာ ရှာဖွေနေရတာ၊ သူ မပျော်ရင် ကိုယ်လည်းမပျော်တော့ဘူး၊ အေး.... တစ်ခါတစ်လေကျတော့လည်း သူပျော်နေရက်နဲ့ ကိုယ်က မပျော်နိုင်တော့ဘူး၊ ရခဲလှတဲ့ ဘဝမှာ လွတ်မြောက်ကြောင်းတရားကို မရှာနိုင်ပါဘဲနဲ့ တပါးသူအတွက် ကိုယ့်စိတ်ကို အဆုံးရှုံးခံရတာ ဘာများကောင်းလို့လဲ"

"သူ့အလိုလိုဖြစ်ပေါ်လာတဲ့ တွယ်တာမှုရဲ့ အောက်မှာ လူသားတွေဟာ ကျရှုံးကြရတာပါ၊ ကိုယ်တိုင်က တောင်းတနေသရွေ့ နီးနီးဝေးဝေး စိတ်ဒုက္ခတော့ ရှိကြတာပါပဲ ၊ ချစ်မှ ဖြစ်မယ်ဆိုရင် ကျွန်မ နွယ့်ကို အသက်ထက်ပိုချစ်ပါ့မယ်"

"မိုက်လိုက်တာ၊ ကလေးမရယ် ၊ လောကကြီးမှာ အချစ်ကို ရှာတွေ့သွားတဲ့သူတွေဟာ ကံအဆိုးဆုံး လူသားတွေပဲ"

"မှန်ပါတယ် ဘကြီး၊ ဒါပေမဲ့ ပုထုဇဉ်လူသားတွေမို့ သံယောဇဉ်ဆိုတာ တွယ်မိတာပါပဲ ဘကြီးရယ်၊ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်မသိလိုက်ဘဲ ပေးအပ်လိုက်မိတာမျိုးပေါ့ ကျွန်မ စတေးရဲပါတယ်"

"မိသားစုနဲ့ ယှဉ်ရွေးရတာမျိုး၊ မြင့်မိုရ်တောင်နဲ့ ယှဉ်ပြိုင်ရတာမျိုး... ဒါမျိုးကို ကလေးမ မကြုံဖူးသေးလို့ ဒီလိုပြောနိုင်တာထင်တယ်"

ထိုအခါ၌တော့ ယွန်းမှီ ပြန်ပြောစရာ စကားလုံးရှာမရ။ မေမေတို့က ခါးခါးသီးသီး ငြင်းမယ်ဆိုလျှင် ဘာများတတ်နိုင်မည်နည်း။ မိမိဟာ နွယ့်နဲ့ မိသားစုကို လက်ညိုးထိုးပြီး ရွေးချယ်လိုက်ရန် လွယ်ကူနိုင်ပါ့မည်လား။

"မပြတ်သားခြင်းတွေကို အမွေမဆက်ခံပါနဲ့
ကလေးမ"

"ရှင်"

"မိနွယ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ဘကြီးအကုန်သိတယ်၊ အေး... သိချင်ယောင်ဆောင်နေတဲ့ မင်းတို့ အဘွားကြီးနဲ့တော့ မတူဘူးပေါ့၊ ဘကြီးတို့က သွေးသားအရင်းအချာ၊ ရှားရှားပါးပါး အရင်းအချာ"

ဘကြီး ဘာကို ဆိုလိုချင်မှန်း ယွန်းမှီနားမလည်နိုင်တော့ပြီ။ ချောင်းဆိုးသံ တဟွတ်ဟွတ်နှင့်အတူ ဘကြီးက အဓိပ္ပါယ်ဖော်ရခက်သော စကားတို့ကိုသာ ဆက်ပြော၏။

သံယောဇဉ် နွယ် [Completed]Donde viven las historias. Descúbrelo ahora