part 21 (Unicode)

8.8K 1K 70
                                    

Part 21

"ဟေ့ ကလေးမတွေ ဟိုမှာ နင်တို့ဘကြီးလာနေပြီ နို့ဆီခွက်တွေသိမ်းထား၊ တော်ကြာ မိုက်မှတ်လို့ ကောက်ဟစ်နေမယ်"

ကိုသောင်းစိန်၏ အပြောလေးမဆုံးသေးခင် ဘေးနားရောက်လာသူ ဦးအောင်မြိုင်ကြောင့် ယွန်းမှီတို့ ညီအစ်မနှစ်ယောက်မှာ အပြိုင်အဆိုင် ထွက်ပြေးလိုက်ကြသည်။ ဟုတ်သည်လေ။ မပြေးလျှင် ဦးအောင်မြိုင်၏ မနားတမ်း ပြောတတ်သည့် လေလုံးကြီးတွေကြားမှာ ကားယားလေး လွှင့်သွားမည်သာ။

"ဟာ ငါ့တူမတို့ ဒါကဘယ်ထပြေးကြတာတုန်း၊ မဟုတ်မှ...ဦးကြီးအဖို့ မုန့်တွေဘာတွေ ထည့်တာဆို မထည့်နဲ့တော့နော်၊ ဦးကြီးက မိန်းမလက်ရာ ခရမ်းသီးနှပ်လေးနဲ့ အဝတီးခဲ့ပြီဗျာ၊ အားလုံးကိုတော့ ကျေးဇူးတင်သဗျ"

စလာပါပြီ ဦးအောင်မြိုင်၏ လေလှိုင်းများ။

ဤသည်မှာ စတွေ့ချိန်က မသိခဲ့ရသော ဦးအောင်မြိုင်၏ ရယ်ချင့်သဖွယ် အကျင့်ဖြစ်သည်။
မည်သည့်စကားကိုမဆို သတင်းကြေညာသူလို အစီအစဉ်ကျကျ၊ ဘောလုံးပွဲနောက်ခံပြောသူကဲ့သို့ ခပ်သွက်သွက် မာန်ပါပါ ပြောတတ်ခြင်းပင်။ ကျေးဇူးတင်ပါတယ် ခင်ဗျာဟူသည်ကိုလည်း ဖောဖောသီသီ သုံးတတ်သေးသည်။ စောမောင်နှင့် သားအဖဆိုသည်မှာ ယုံမှားဖွယ်မရှိ။ ရည်မွန်ပျူငှာသော စောမောင်၏အကျင့်နှင့် အမှုအရာသည် သူ့အဖေဆီမှ လက်ဆင့်ကမ်းလာခြင်း ဖြစ်လိမ့်မည်။

ထိုမျှမက ရပ်သိရွာသိ ကြေညာစရာလေးများ ရှိလာပါက သူ့၏ စကောချပ်အရွယ်အစားရှိ လော်စပီကာကို သံကုန်ဖွင့်လျက်၊ မိုက်ကြီးတကိုင်ကိုင်ဖြင့် အားရပါးရ ဟစ်တတ်သေးသည်။ အလှူခံမဏ္ဍပ်မှာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ဟစ်နေသူဆို ဘယ်သူလဲမေးစရာမလို။ ဦးအောင်မြိုင်ဖြစ်သည်။ မိုက်ကြီးဖွင့်ပြီး ဆုံးမ‌ဩဝါဒတွေ ခြွေနေပြီဆို ဦးအောင်မြိုင်ပါပင်။ အလှူထမင်းစား လာခဲ့ကြပါခင်ဗျားဟု ဟစ်ရာဆိုလည်း ဦးအောင်မြိုင်ပါလေ။

"ဦးကြီး ရေနွေးကြမ်းလေး သောက်ပါဦး"

"အေး အေး တူမကြီး၊ ဘယ်လို့လဲ ရွာမှာပျော်နေပြီမလားကွယ် ဟင်"

သံယောဇဉ် နွယ် [Completed]Tempat cerita menjadi hidup. Temukan sekarang