part 28 (Unicode)

8K 1K 32
                                    

Part 28

"နွယ်.... အစ်မလက်ကို တွဲထားချင်လား"

သည်လိုမျိုး ယွန်းမီ မေးခဲ့သေးသည်။ တကယ်တည်း ရင်ဆိုင်ရတော့ မိမိလက်ဖျားများကပင် တဆတ်ဆတ် တုန်ရီနေမိ၏။ နွယ့်မိသားစု၏အတိတ်သည် နွယ့်၏ အကြောက်တရားဖြစ်သည်ဆိုလျှင် ထိုအကြောက်တရားသည် မိမိ၏ အကြောက်တရားသာဖြစ်သည်။

ခင်ယွန်းမှီ ဘာကိုကြောက်သနည်း။
နွယ် နာကျင်မည်ကိုကြောက်သည်။
နွယ် ပင်ပန်းမည်ကို ကြောက်သည်။
နွယ် နှလုံးသား ကွဲကြေမည်ကို ကြောက်သည်။

နောက်ဆုံးအနေဖြင့် နွယ် အရှုံးပေးလိုက်မည်ကို ကြောက်သည်။

နွယ် လောကကြီးကို စိတ်နာသွားခဲ့လျှင်...
နွယ်သာ အသက်ရှင်ဖို့ မလိုအပ်တော့ဘူးထင်လျှင်....
အို.... နွယ်သာ မရှိတော့လျှင်....
မတွေးရဲပါလေ။

" ဦးလေး ဘာဖြစ်ချင်သလဲ"

နွယ်က ခပ်ပြတ်ပြတ်မေးသည်။ ဖခင်ရောဂါသည်ကြီးကို နွယ်က တည့်တည့်မကြည့်။ စိတ်မကောင်းဖြစ်၍လော။ လျစ်လျူရှုချင်၍လော။
ခန့်မှန်းလို့မရ။

"သမီးမောင်လေးကို မန္တလေးမှာခေါ်ထားချင်လို့ကွယ်"

"မောင်လေးက နွယ့်မောင်လေးပါ၊ ဦးလေးနဲ့ ဘာမှမဆိုင်ပါပဲမဟုတ်လား"

"မိနွယ်!"

ဘွားမှီ၏ ခတ်ဆတ်ဆတ် သတိပေး‌သံကို နွယ်ဟာ ဂရုမစိုက်တော့။ ပစ်ထားရက်ခဲ့သူ၊ မိခင်အား သေဆုံးသည်အထိ စိတ်ဒဏ်ရာ ပေးခဲ့သူအား မကြည်ဖြူနိုင်ဟု တည့်တိုးမပြောရုံတမယ် နွယ် စကားလုံးတွေဟာ ပြင်းထန်နေလေသည်။

" အခုလာရင်းကိစ္စက ဘာလဲ မောင်လေးက လိုအပ်မယ်ထင်လို့ ပေါ်လာတာလား၊ ဒါမှမဟုတ် မောင်လေးကို လိုအပ်လို့ ပေါ်လာတာလား"

မလှမ်းမကမ်းမှာ ငြိမ်သက်စွာ စောင့်ကြည်နေရသူ ယွန်းမှီမှာ မျက်ရည်ပင် လည်နေပြီဖြစ်သည်။ မာန်တင်းထားသော နွယ့်မျက်နှာမှာ ကြေကွဲရိပ်ကို မြင်ရသည်။ တစ်ချက်တစ်ချက် မိမိဘက်သို့ လှမ်းမျှော်ကြည့်နေသလိုလည်း ထင်ရသည်။

သန်မာချင်ယောင် ဆောင်တတ်သော နွယ်။
ဂရုမစိုက်ဟန်ဆောင်တတ်သော နွယ်။
သူမ၏ အားငယ်မှုတပွေ့တပိုက်ကို မိမိတစ်ယောက်တည်းသာ မြင်နေရသည်ထင်၏။

သံယောဇဉ် နွယ် [Completed]Where stories live. Discover now