part 22 (Unicode)

9.2K 1.1K 132
                                    

Part 22

လရောင်က ဖျော့တော့တော့။ လေက တစ်ချက်ဝေ့တိုင်း ကျောထဲစိမ့်အောင် အေးခိုက်သွားသည်။

မကြာခင် တန်ဆောင်မုန်းလရောက်တော့မည် ဖြစ်၏။ အချမ်းပိုသည့် နတ်တော်နှင့်ပြာသိုသည်လမ်း လမ်းခုလတ်တွင် စောင့်နေပေပြီ။ အေးမြမြ ဆောင်းလများသည် အညာဒေသသို့ အလည်ဝင်ရောက်တော့မည်ဟုလည်း လေနုအေးက သတိပေးနေပေပြီ။

ရွာလယ်လမ်းတွင် လူရှင်းနေသည်။ ဗီဒီယိုရုံက ဇတ်ကားသံကို ခပ်သဲ့သဲ့ကြားနေရဆဲဖြစ်သည်။ နွယ့်လက်တွေကတော့ နွေးနေသည်။ နွယ့်လက်ဖျားတွေဟာ ရေမစိုတဲ့အခါ၌တော့ ဤကဲ့သို့ ပူပူနွေးနွေးဖြစ်နေတတ်ပုံရပါသည်။

"ကဲ အမိ ၊ ရောက်ပြီ"

ဘွားမှီ၏ အိမ်အိုကြီးသည် လရောင်အောက်တွင် တဖိတ်ဖိတ်တောက်နေ၏။ အိမ်အပေါ်ထပ်တွင် မှုန်ပြပြ အလင်းရောင်ကို မြင်ရသည်။ အိမ်အောက်ထပ်ရှိ ဘွားမှီ၏ အခန်းကိုတော့ လှမ်းမမြင်ရ။ အသစ်ပုံပြီးကာစ ကောက်ရိုးပုံကြီးက ထီးထီးမားမား ကွယ်နေသည်။

"နွယ် ပြန်ပြီနော်"

"အင်း၊ ဟုတ်ပြီလေ"

"နွယ် ပြန်တော့မယ်လို့ အမိ"

"အင်း၊ ပြန်လေလို့"

"ဟောတော်၊ အမိရယ် နွယ့်လက်ကို လွှတ်ပေးမှ ပြန်လို့ရတော့မပေါ့"

"အဲ... ယောင်လို့"

ဆုပ်ကိုင်ထားမိသော နွယ့်လက်ချောင်းတွေ၏ နွေးထွေးမှုကြောင့် မသိစိတ်ဟာ ညို့ယူခံလိုက်ရသည်ထင်၏။ ပြန်တော့မည်ဆိုသူကို မိမိလက်များက မလွှတ်တမ်း ဆွဲထားမိသည်။ အလန့်တကြား လက်ကို လွှတ်ပေးမိတော့ နွယ်က ရယ်သည်။ မှဲ့ကလေး လက်ခနဲဖြစ်သွားတာ ကြည့်လို့လှသည်။

လူကို လှောင်တဲ့ နွယ်။ ရှက်မိပေမယ့် အပြုံးလေးမြင်ရတာ တန်သည်မို့ လှောင်ရယ်နေခြင်းကို ခွင့်လွှတ်ပေးလိုက်ပါမည်။ နွယ်ရဲ့ အပြုံးများသာ ကမ္ဘာအဆက်ဆက်လှပါစေတော့။

"အမိဟာလေ.... တကယ်ပါပဲ"

"အရူးလို့ ပြောဦးမှာမလား သိသားပဲ"

"ပြောချင်ပါရဲ့ အမိရယ်၊ ရူးတဲ့သူတွေပဲ နွယ်ကို့ ခင်ကြတာပါ၊ အမိကတော့ ထူးတာပေါ့၊ တမူးသာတဲ့ အရူးမို့ နွယ့်ကို ချစ်သူတော်ချင်တာထင်တယ်"

သံယောဇဉ် နွယ် [Completed]Où les histoires vivent. Découvrez maintenant