Part-1

1.2K 43 2
                                    

ဒီနေ့လည်းမနေ့ကပုံစံပါဘဲ။ကျောင်းတည်နေရာနဲ့နီးလာတာနဲ့အမျှကျောင်းသူကျောင်းသားတွေလမ်းမထက်မှာပိုများလာသလို။တချို့ကလည်းကျောင်းနဲ့အိမ်နီးတော့လမ်းလျှောက်လာကြသလို။တချို့ကလည်းferry နဲ့အုပ်စုလိုက်။နှောင်းခန့်မှူးတို့ကားလေးကလည်းကျောင်းနဲ့နီးရာတရွေ့ရွေ့။ဖခင်ဖြစ်သူရဲ့ကားမောင်းတဲ့အရှိုန်ကမနှေးလွန်းပေမဲ့နှောင်းခန့်မှူးအတွက်တော့နှေးနေသယောင်။အင်းပေါ့စာမေးပွဲဖြေရမဲ့သူကနှောင်းခန့်မှူးလေ။သူ့စိတ်တွေလောနေမှာပေါ့။ဖြေရမှာလည်းပုံမှန်ဖြေနေကျစာမေးပွဲမှမဟုတ်ဘဲ။သူ့ဘဝကိုတစ်ဆစ်ချိုးစေမဲ့တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတော့သူရင်ခုန်နေတာအဆန်းမဟုတ်။ဒါပေမဲ့ဒီနေ့ကသင်္ချာဆိုတော့မြန်မာစာနေ့ကလောက်စိုးရိမ်စိတ်မများပါဘူးလေ။တခုဘဲကျောင်းကနှောင်းခန့်မှူးနဲ့အကျွမ်းတဝင်မရှိတာလေးတခုဘဲ။ကိုယ်ပိုင်ကျောင်းမှာနာမည်ထည့်ဖြေတဲ့နှစ်ကျသမားဆိုတော့အခုလိုကျရာအစိုးရကျောင်းမှာစာမေးပွဲလာဖြေရတာကလည်းရင်ခုန်မှူတခု။နှစ်ကျဆိုတော့အသိသူငယ်ချင်းကမရှိတော့ယောင်လည်လည်ပေါ့။ဒါပေမဲ့နှောင်းခန့်မှူးလိုတယောက်ထဲနေရတာသဘောကျတဲ့သူအတွက်တော့သူငယ်ချင်းမရှိတာကအရမ်းအရေးကြီးတဲ့ဟာကွက်တခုမဟုတ်ခဲ့ဘူး။

"သား"

ကားမောင်းရင်းနောက်ခန်းမှာသင်္ချာပုစ္ဆာတွေကြည့်နေတဲ့သားဖြစ်သူနှောင်းခန့်မှူးကိုဦးမောင်ဌေးခေါ်လိုက်ခြင်းပါ။

"ဗျာအဖေ"

နှောင်းခန့်မှူးဆိုသည်မှာအဲလိုလူမျိုး။အဖေခေါ်လို့ပြန်ထူးတာတောင်မျက်လုံးကစာအုပ်ထဲကသင်္ချာပုစ္ဆာတွေဆီကအကြည့်မခွါ။

"ရောက်နေပြီလေ။စာမေးပွဲကခဏနေဘဲဖြေတော့မယ်။မကြည့်နဲ့တော့ငါ့သားအကောင်းဆုံးလုက်ခဲ့မယ်ဆိုတာအဖေသိတယ်ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါအဖေ။ကျွန်တော်စာထဲစိတ်ရောက်သွားလို့ကျောင်းရောက်မှန်းမသိလိုက်တာပါဖေ။ကျွန်တော်အကောင်းဆုံးဖြေခဲ့ပါ့မယ်"

"Ok သားfighting"

အဖေဖြစ်သူရဲ့အားပေးစကားကိုအသိအမှတ်ပြုတဲ့အနေနဲ့ခေါင်းလေးတချက်ငြိမ့်ပြပြီးခြေလှမ်းတို့ကကျောင်းဝန်းဆီ။ကျောင်းပေါက်ဝမှာတာဝန်ကျဆရာမတွေရဲ့စစ်ဆေးမှုကိုခံပြီးစာဆမးပွဲဖြေရမဲ့ 'သဇင်ဆောင်'ဆီကိုတဖြေးဖြေးလျှောက်လာခဲ့တယ်။

Interlinear Where stories live. Discover now