*Ring .. Ring *
"Hello မောင်"
"..."
"အင်းထွက်ခဲ့ပြီ"
"..."
"အင်းပါ။ဒါဘဲနော်"
မောင့်ဘက်ကဖုန်းချလိုက်တာနဲ့
"ငါပြန်တော့မယ်။မောင်ရှေ့မှာရောက်နေပြီတဲ့"
ဆိုပြီးဇေယျတို့ကိုပြောလိုက်တော့ရန်အေးက
"ကိုနှောင်းချစ်သူကလုံးဝမမိုက်ဘူး။သူငယ်ချင်းတွေဆုံမယ်ဆိုသူဘယ်တော့မှမအားဘူး။သိလား"
"ဟဲ့သူကငါတို့လိုအလုပ်တခုထဲလုပ်တာမဟုတ်ဘူးသိလား"
မှိုကဝင်ပြောလိုက်တဲ့စကားကြောင့်ကျွန်တော်သဘောကျရီလိုက်မိတယ်။
"အေးပါ။မင်းတို့ကိုအချိန်ပေးဖို့လည်းပြောလိုက်မယ်။ပြီးတော့ဇေယျမင်းသူငယ်ချင်းဆိုတဲ့လူကိုဘယ်နေ့ဘယ်ချိန်ကြိုပေးရမှာလဲငါ့ကိုဖုန်းပြန်ဆက်ပေး။ခုတော့သွားပြီ"
"ဟုတ်ပြီကိုနှောင်း"
ကျွန်တော်အားလုံးကိုနှုတ်ဆက်ပြီးဆိုင်ပြင်ကိုထွက်လာခဲ့တယ်။မောင့်ကားဆီရောက်တော့ကျွန်တော်lover seatထဲဝင်ထိုင်လိုက်တယ်။
ခများတို့သိလား။ကျွန်တော့်မောင်ကအခုလို suitအပြည့်နဲ့ဆိုသေလောက်အောင်ခန့်တယ်ဆိုတာ...
"အကို...အကို"
မောင့်ခေါ်သံကြားမှကျွန်တော်အတွေးပျောက်သွားတယ်။
"ဟမ်"
"ကျွန်တော်မေးနေတာကြားလားလို့"
"ဘာမေးလိုက်တာလဲမောင်"
မောင်ကကားလေးကိုမောင့်ကုမ္မဏီဆီဦးတည်မောင်းပြီး
"အကိုဟို(၃)ယောက်ကိုဘာလက်ဆောင်တွေပေးလိုက်တာလဲလို့"
"ဘာလို့လဲမောင်ရဲ့"
"ဟိုကောင်ဇေယျလေအကို့ကိုဩဇီမချောချောလေးဝယ်ခဲ့ဖို့ပြောတယ်ဆို"
"ဟား..ဟား..မင်းကဒါလည်းသိတာဘဲလား"
"အဲတာအကို..သူ့ကိုဘာပေးလိုက်လဲ"
"သူပြောတဲ့ဩဇီမချောချောလေးဘဲဝယ်ပေးခဲ့တာလေ"
"ဟမ်"
YOU ARE READING
Interlinear
RomanceMain character တွေကိုအသာပေးတဲ့30%base on true story လေးပါ။ ☀️🌻လင်းပြည့်ဦး☀️🌻 ☀️🌻နှောင်းခန့်မှူး☀️🌻