Part-17

239 15 8
                                    

"မောင်ဒီဆိုင်ကလူအရမ်းများသလိုဘဲ"

လင်းပြည့်ကဒီညdinnerကိုအတူစားချင်တယ်ဆိုလို့နှောင်းခန့်လင်းပြည့်ခေါ်ရာနောက်လိုက်ခဲ့ခြင်း။ဆိုင်ရောက်တော့လူတွေအရမ်းများနေတာနှောင်းခန့်တွေ့လိုက်ရခြင်းကြောင့်ပြောလာခြင်းပါ။

"ဟုတ်တယ်အချစ်။ဒီဆိုင်ကအမြဲလူများနေတာ"

လင်းပြည့်နဲ့နှောင်းခန့်စားပွဲအလွတိတစ်ခုမှာဝင်ထိုင်လိုက်ကြတယ်။ဆိုင်ကတကယ်ကိုအဆင့်မြင့်ဆိုင်ပါ။နှောင်းခန့်တို့ထိုင်ပြီးခဏအကြာမှာwaiterကောင်လေးတွေစားစရာတခုပြီးတခုလာချပေးနေတာကြောင့်နှောင်းခန့်အံ့ဩနေမိတယ်။ပြီးမှလင်းပြည့်နားကပ်ပြီး

"ဒါတွေမောင်မှာထားတာလား"
"ဟုတ်တယ်လေအချစ်ရဲ့အကုန်အချစ်ကြိုက်တာတွေရွေးမှာထားတာ"
"အများကြီးဘဲ"
"အင်းမလောက်ရင်ထပ်မှာပေးမယ်"
"ဒါတောင်များနေပြီ။နောက်ဆိုအခုလိုအပိုပိုက်ဆံတွေအကုန်မခံပါနဲ့မောင်"
"ကုန်တော့ဘာဖြစ်လို့လဲ။အကို့ကောင်လေးကျွန်တော်ကသူဌေးပေါက်စလေးဖြစ်နေပြီဗျ"
"မောင်!"
အကိုကမျက်စောင်းလှလှလေးထိုးပြီးအသံကိုဖိပြီးခေါ်လာတာကြောင့်ကျွန်တော်ရယ်လိုက်ပြီး
"ဟုတ်ပါပြီဗျ။မောင့်ရဲ့အိမ်ရှင်ထီးလေးသုံးခွင့်ပေးသလောက်ဘဲသုံးပါမယ်ဗျ"
"မောင်..မရွဲ့နဲ့ငါကကောင်းစေချင်လို့ပြောနေတာနော်"

""ဟုတ်ပါပြီဗျ။ဒီညတော့မငြိုငြင်ဘဲမောင်ခေါ်သွားမဲ့ကမ္ဘာလေးနောက်ဖြည်းဖြည်းချင်းလိုက်စီးမျောပေးနော်"

လင်းပြည့်ကနှောင်းခန့်ရဲ့ပါးလေးကိုဖွဖွလေးဖျစ်ညစ်ပြီးပြောလိုက်တော့

"ဒါပြီးရင်သွားစရာရှိသေးလို့လားမောင်"

"ခဏနေသိရမယ်အကို။အခုတော့စားစရာတွေပူတုန်းစားလိုက်အုန်းအသက်"

"အင်း"

ဒီနေ့မောင်တခုခုထူးဆန်းနေသလိုဘဲ။ဘယ်လိုဘဲဖြစ်ဖြစ်ပါမောင်ခေါ်ရာနောက်ကိုလိုက်ပါစီးမျောကြည့်ရမယ်လေ။

လင်းပြည့်နဲ့နှောင်းခန့်စားစရာတွေစားဖို့ပြင်နေတုန်းမီးကပျက်သွားတာကြောင့်

Interlinear Where stories live. Discover now