Part-12

297 26 4
                                    

အကိုနဲ့ကျွန်တော်ချစ်သူဖြစ်ပြီးနေ့တိုင်းပုံမှန်တွေ့ဖြစ်တယ်။အခုလည်းအကို့စိတ်တိုင်းကျYBSဆလးတိုးစီးပြီးအကိုသွားချင်တယ်ဆိုတဲ့ပန်းခြံဆီမှာကျွန်တော်တို့နှစ်ယောက်အတူတူထိုင်နေကြတယ်။အကိုကကျွန်တော့်ပုခုံးလေးကိုမှီထားပြီးနေဝင်တာကိုကြည့်နေတယ်။
"အကို"
"ဟင်"
"ကျွန်တော်တို့ဖြစ်နေကြတဲ့အကြောင်းရန်အေးတို့ကိုပြောပြရင်ကောင်းမလားလို့စဉ်းစားနေတာ။ဒါပေမဲ့အကိုနေရခက်မှာစိုးလို့"
"ပြောပြလိုက်ရအောင်လေ။သူတို့ကိုမပြောလည်းတနေ့သိမှာဘဲ။ပြီးတော့သူတို့ကလည်းမင်းကိုခင်သလိုငါ့ကိုလည်းခင်နေတာဘဲလေ။ငါကတောင်မင်းကိုအားနာနေတာ။ငါတို့အကြောင်းငါ့မိဘတွေဆီမပြောပြနိုင်သေးလို့"
"ရပါတယ်အကိုရဲ့။အကိုနဲ့ကျွန်တော်နှစ်ယောက်လုံးအဆင်သင့်ဖြစ်မှပြောကြတာပေါ့"
"ဒါပေမဲ့လေ။ငါ့မိဘတွေကမင်းမိဘတွေလိုလက်ခံမယ်မထင်ဘူး။အဓိက က ငါ့အဖေပေါ့"
"အကိုရယ်ဘာလို့စိတ်ညစ်စရာတွေတွေးနေတာလဲ။လက်ခံတယ်မခံဘူးဆိုတာသူတို့အပိုင်း။ကျွန်တော်တို့ဘက်ကသူတို့လက်ခံလာနိုင်တဲ့အခြေအနေအထိရောက်အောင်ကြိုးစားရမယ်လေမဟုတ်ဘူးလား"
ကျွန်တော်ပြောလိုက်တော့အကိုကချစ်စရာမျက်ဝန်းတွေနဲ့ကျွန်တော့်ကိုကြည့်လာခဲ့တယ်။
"ကျေးဇူးတင်ပါတယ်မောင်။ငါ့ကိုနားလည်ပေးလို့"
"ကျေးဇူးတင်တယ်ဆိုရင်တော့ပိုချစ်ပေးပါဗျာ"
"ဟား..ဟားအရမ်းနစ်နာနေမယ်ခများ.."
"ဒါဆိုအကိုမနက်ဖြန်ဇေယျတို့နဲ့ချိန်းလိုက်မယ်နော်။ကျွန်တော်သူတို့နဲ့မတွေ့ဖြစ်တာကြာနေပြီ။ဖုန်းနဲ့လည်းအဆက်အသွယ်မလုပ်ဖြစ်ဘူး"
"အင်း။ငါလည်းသူတို့နဲ့မတွေ့ဖြစ်ဘူး။မှိုနဲ့တောင်မင်းငါ့ဆီကထွက်ပြေးဖို့လုပ်တဲ့နေ့ကနောက်ဆုံးတွေ့ထားတာဘဲ"
"ဟာ..အကိုရာ..ထွက်ပြေးဖို့လုပ်တာမဟုတ်ပါဘူးဆိုဗျာ"
"ဘာလို့မဟုတ်ရမှာလဲ။ဂျပန်ထိသွားဖို့လုပ်တာငါ့ဆီကထွက်ပြေးဖို့လုပ်တာဘဲ"
"ဒါဆိုအကိုကအဲ့နေ့ကိုအဲ့လိုဘဲမှတ်ထားတာလား"
"အင်းလေ"
"ဟာ..အကိုရာကျွန်တော်ကတော့အကိုနဲ့ကျွန်တော်ချစ်သူဖြစ်တဲ့နေ့ဆိုပြီးမှတ်ထားတာ။အကိုကဘယ်လိုကြီးလဲ"
"ငါကစတာမောင်ရဲ့ဟား..ဟား"
"ကျွန်တော့်ကိုရီတယ်ပေါ့..တွေ့မယ်"
"ဟာ...မောင်...မလုပ်နဲ့လို့...ယားတယ်လို့....မောင်!!!"
"မရဘူး"
"မောင်...မောင်...ယားတယ်လို့....ဟား...ဟား...မောင်"
ဒီလိုပါဘဲ။မောင်နဲ့ကျွန်တော်ချစ်သူဖြစ်ပြီးနောက်ပိုင်းမှာတော်တော်လေးပျော်ရွင်ကြတယ်။မောင်ကကျွန်တော့်ကိုအရမ်းအလိုလိုက်ပေးတယ်။ဂရုစိုက်ပေးတယ်။ပြီးတော့အခုလိုလဲပျော်အောင်လည်းစတတ်သေးတယ်"
_______________________________
"ဟေ့ကောင်လင်းပြည့်လဒ။ဟိုရောက်ရင်ချက်ချင်းဆက်သွယ်ပါလို့ပြောတာကိုတပတ်လောက်အဆက်အသွယ်ဖျက်သွားတယ်။ပြန်ဆက်သွယ်တော့လည်းမနက်ဖြန်တွေ့ရအောင်တဲ့။ငါကတော့ငါ့သူငယ်ချင်းလေးသူများနိုင်ငံမှာရောက်ရောက်ချင်းအလုပ်များနေမှာဘဲလို့ဖြည့်တွေးပေးခဲ့တာအခုတော့နွားဘဲ"
"ဟေ့ကောင်ဇေယျမင်းငါ့ကိုအဲလောက်မေတ္တာပို့စရာမလိုဘူး"
"နွားကောင်ငါတကယ်ပေါက်ကွဲနေတာနော်"
"အေးလေ။လင်းပြည့်မင်းကလည်းဇေယျပြောလည်းပြောချင်စရာဘဲ။အခုကဘာကိစ္စခေါ်တာလဲပြီးတော့ဂျပန်သွားလိုက်တဲ့သူကဘယ်လိုဖြစ်ပြီးဒီမှာဆက်ရှိနေသေးတာလဲ"
"မင်းတို့သိချင်တာအားလုံးပြောပြမယ်မှိုရောက်မှ"
"ငါရောက်ပြီပြောတော့"
မှိုရပြောရင်းဆိုရင်းကျွန်တော်နဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ပါတယ်။
"ဒီလိုကွာ...ငါနဲ့အကိုနဲ့ချစ်သူတွေဖြစ်နေကြပြီ"
"ဪ......ဘာ!!!!!!"
"နွားဇေယျ..ဘာလို့အဲလောက်အော်တာလဲ"
"မင်းခဏကဘာပြောလိုက်တာပြန်ပြောစမ်း"
"ငါနဲ့အကိုနဲ့ချစ်သူတွေဖြစ်နေကြပြီလို့နားကလည်း"
ကျွန်တော်ပြောလိုက်တော့ဇေယျကကျွန်တော့်ကိုပြူးကြောင်ကြောင်နဲ့ကြည့်လာတယ်။
"ဟာ..သွားပြီ။ရန်အေးနဲ့မှိုဒီကောင်ရူးနေပြီ။မင်းတို့သိလား"
"ဘယ်လိုဖြစ်လို့ငါကရူးရမှာလဲ"
"ဟေ့ကောင်လင်းပြည့်မင်းတကယ်ပြောတာလား"
ရန်အေးကပါပြန်မေးလာတာမို့
"မင်းတို့ကောင်တွေဘယ်လိုဖြစ်နေတာလဲ။တကယ်ပြောတာပါဆို"
"ငါဝမ်းသာပါတယ်လင်းပြည့်။မင်းနဲ့ကိုနှောင်းနဲ့ချစ်သူတွေဖြစ်သွားကြလို့"
"ကျေးဇူးပါမှို"
"ငါကတော့မယုံဘူး"
ဇေယျကတော့တကယ်ပါဘဲ။
"မင်းတို့မယုံရင်အကိုအခုလာလိမ့်မယ်မေးကြည့်"
ကျွန်တော်ပြောပြီးခဏအကြာမှာအကိုရောက်လာခဲ့တယ်။ပြီးတော့ကျွန်တော့်ဘေးမှားဝင်ထိုင်တယ်။အားလုံးကိုဇေယျကထူးဆန်းသလိုလိုက်ကြည့်နေပြီးမှ
"ကိုနှောင်း..ကိုနှောင်းနဲ့လင်းပြည့်ကတွဲနေကြပြီဆို"
အကိုကချက်ချင်းမဖြေသေးဘဲအကို့အတွက်ကျွန်တော်မှာထားပေးတဲ့ဖျော်ရည်ကိုအရင်သောက်ပြီးမှ
"ငါနဲ့အလင်းနဲ့တွဲနေကြတာမဟုတ်ဘူး"
အကို့ရဲ့အဖြေကြောင့်ဇေယျက
"ငါပြောတယ်မလား။လင််းပြည့်ရူးနေပြီလို့"
"ဒါပေမဲ့ငါနဲ့မောင်ကချစ်သူတွေဖြစ်နေကြပြီ"
ဒီစကားကိုအကိုဟာကျွန်တော်နဲ့အကြည့်ချင်းဆုံပြီးပြောလိုက်ခြင်းပါ။
(ဟာအကိုရာ...ခြွေနိုင်လွန်းတယ်...)
"ဗျာ"
"ကြားတယ်နော်ဇေယျ"
ကျွန်တော်အောင်နိုင်သူအပြုံးနဲ့ပြန်ပြောလိုက်ခြင်းပါ။
"ကိုနှောင်းတို့ကတကယ်ချစ်သူတွေဖြစ်နေကြပြီပေါ့"
ဇေယျကနောက်တခေါက်ပြန်မေးနေပြန်ပါတယ်။အကိုကခေါင်းငြိမ့်ပြီးအဖြေပြန်ပေးလိုက်တယ်။
"ဇေယျရာ..ကိုနှောင်းကပါဟုတ်တယ်လို့ဖြေနေပြီ။ယုံလိုက်တော့"
"အေးပါကွာ..ကဲကဲ..မင်းတို့နှစ်ယောက်ချစ်သူတွေဖြစ်နေကြတဲ့အထိမ်းအမှတ်နဲ့လင်းပြည့်ဒီဝိုင်းကိုမင်းရှင်းလိုက်တော့"
"မရှင်းမခိုင်းလဲငါကရှင်းမှာပါ"
"အခုကိုနှောင်းနဲ့မင်းကချစ်သုတွေဖြစ်နေကြပြီဆိုတော့အနာဂတ်မှာဘာဆက်လုပ်မယ်လို့တွေးထားလဲလင်းပြည့်"
"အင်း..မှိုမေးတာငါလည်းသိချင်တယ်မင်းတို့နှစ်ယောက်ရဲ့ရှေ့ရေးကထင်သလောက်လွယ်မယ်မထင်ဘူး"
မှိုနဲ့ရန်အေးရဲ့မေးခွန်းအတွက်ငါ့မှာအဖြေရှိတယ်။
"ငါစဉ်းစားထားတာကအကိုကအကို့မိဘတွေရဲ့ဆန္ဒအတိုင်းဆေးကျောင်းတက်။အကိုဘက်ကဒါဘဲ။ငါ့ဘက်ကတော့ငါတက္ကသိုလ်ကိုအဝေးသင်တက်မယ်။ပြီးတော့အဖေ့ကုမ္မဏီမှာစီးပွါးရေးနဲ့ဆိုင်တာလေ့လာမယ်။ငါ့အသက်၁၈နှစ်မှာကိုယ်ပိုင်စီးပွါးရေးတခုစလုပ်နိုင်အောင်အခုကတည်းကလေ့လာမယ်အကိုနဲ့ဘဝအသစ်ကိုထူထောင်နိုင်အောင်ကြိုးစားမယ်။ငါနဲ့အကို့ကိုအကို့မဘတွေလက်ခံနိုင်တဲ့အထိကြိုးစားမယ်။အကိုအလုပ်ကကျောင်းတက်ပြိးတော့ငါ့လက်ကိုမလွှတ်တမ်းဆွဲထားပြီးချစ်ပေးဖို့ဘဲ"
နောက်ဆုံးစကားကိုမောင်ကကျွန်တော့်ကိုကြည့်ပြီးပြောလိုက်ခြင်းပါ။
(မောင်...မင်းငါ့ကိုအခုလိုအမြဲတမ်းကြည့်နေပေးပါ။ပြီးတော့ငါ့ဘက်ကရှိနေပေးပါ။ဒါမှငါ့အတွက်ငါ့မိဘတွေကိုရင်ဆိုင်ဖို့သတ္တတွေရှိလာမှာမို့လို့ပါ...)

Interlinear Where stories live. Discover now