Part-5

371 27 6
                                    

အခုကျွန်တော်နဲ့အလင်းကားစီးနေကြတယ်။အလင်းအိမ်ကdriverမောင်းတဲ့ကားပေါ့။ကားလေးကကျွန်တော်တို့တက်တဲ့သင်တန်းကနေလူချမ်းသာတွေဘဲနေတဲ့ရပ်ကွက်ထဲကိုဝင်လာခဲ့တယ်။တိုက်တာကြီးတွေကမျက်စိတဆုံးပေါ့။ကျွန်တော်တို့အိမ်ကသာမန်ရပ်ကွက်လေးထဲမှာဆိုတော့အခုလောက်ကြီးပတ်ဝန်းကျင်ကမတိတ်ဆိတ်ဘူးဗျ။အလင်းတို့ရပ်ကွက်ကတကယ်ကိုငြိမ်းချမ်းတယ်။သင်တန်းကဆင်းတော့ 'တနေရာလိုက်ပေးအကို' ဆိုတဲ့အလင်းရဲ့စကားကြောင့်ကျွန်တော်အခုဒီလိုနေရာကိုရောက်နေခြင်းပါ။

"အလင်း"

ကျွန်တော်ခေါ်လိုက်တော့လမ်းမတွေဆီကအကြည့်ကကျွန်တော့်ဆီရောက်လာခဲ့တယ်။

"ဗျာ..အကို"

"ဟို..ငါ့ကိုမင်းအိမ်ဘာလို့ခေါ်လာတာလဲ"

"ခဏနေသိရမယ်အကို။အကို့အမေကိုကျွန်တော်ခွင့်တောင်းခဲ့ပြီမလို့အကို့အိမ်စိတ်ပူနေမှာမစိုးရိမ်နဲ့"

ကျွန်တော်ဘာမှပြန်မပြောမိပါဘူး။အလင်းကသူဖြစ်ချင်တာတွေကိုတယောက်ထဲလုပ်နေတယ်လေ။ကျွန်တော့်အိမ်အကြောင်းသိတဲ့အလင်းကအမေ့ဆီကိုခွင့်တောင်းထားပေးလို့ဘဲကျေးဇူးတင်ရမယ်။ကျွန်တော့်မိဘတွေကကျွန်တော်အပြင်သွားမယ်ဆိုအမြဲတမ်းခွင့်ပြုချက်တောင်းနေရတယ်။ခွင့်တောင်းတိုင်းလည်းခွင့်ပြုချင်မှပြုတယ်။အဲဒါကကျွန်တော့်ကိုကလေးလို့မြင်နေသေးတာကြောငါ့လား။ဒါမှမဟုတ်မယုံကြည်တာလား။ကျွန်တော်ကိုယ်တိုင်တောင်မသိဘူးဗျ။

"အကိုရောက်ပြီဗျ"

အလင်းကကျွန်တော့်ကိုပြောပြီးကားပေါ်ကအရင်ဆင်းသွားတယ်။ပြီးတော့ကျွန်တော့်ဘက်ကတံခါးကိုလာဖွင့်ပေးတယ်။ဒါကားပေါ်ကဆင်းတိုင်းအလင်းလုပ်နေကြအရာတခုပါ။ကျွန်တေည်လည်းကားပေါ်ကဆင်းပြီးအိမ်ဝန်းပတ်ပတ်လည်ကိုအကဲခတ်ကြည့်လိုက်မိတယ်။တကယ်ကိုခမ်းနားလွန်းတဲ့အိမ်ကြီးပါ။အိမ်ပတ်ဝန်းကျင်မှာအပင်တွေဝေဝေဆာဆာ။သပ်သပ်ရပ်ရပ်နဲ့ပစ္စည်းတွေကလည်းသူ့နေရာနဲ့သူနေရာတကျ။ဒါကိုကြည့်ပြီးအလင်းအမေကအနေအထိုင်သပရပ်ပြီးအိမ်မှုကိစ္စနိုင်နှင်းတဲ့အမျိုးတယောက်လို့ကျွန်တော်ယုံကြည်တယ်။

Interlinear Where stories live. Discover now