Description

2.5K 65 0
                                    

"ကျေးဇူးတင်ပါတယ်အကို။အရာအားလုံးနဲ့ယှဉ်ပြီးကျွန်တော့်ကိုရွေးချယ်ပေးခဲ့လို့။အကို့ဆုံးဖြတ်ချက်အတွက်နောင်တဆိုတာမရှိအောင်ကျွန်တော်ကပိုချစ်ပေးမှာမို့ကျွန်တော့်အချစ်ကိုလက်ခံပေးခဲ့တဲ့အတွက်အကိုမမှားစေရဘူး။ကျွန်တော်အကို့ကိုအရမ်းချစ်တယ်ထာဝရအတွက်..."
လင်းပြည့်ဦး

"တောင်းပန်ပါတယ်မောင်။အချစ်ကိုအချစ်တိုင်းထုတ်မပြတတ်ခဲ့လို့။ပြီးတော့ကျေးဇူးတင်ပါတယ်မောင်အရမ်းချစ်ပေးလို့။ငါမောင့်ကိုရွေးချယ်ခဲ့တာအမှားဆိုတောင်ငါကကျေနပ်မှာ။ဒါပေမဲ့ငါသိတယ်မောင်ငါမောင့်ကိုရွေးချယ်ခဲ့တာအတွက်နောင်တဆိုတာမရှိဘူး..."
  နှောင်းခန့်မှူး

"ကျွန်တော်နှောင်းကိုအရမ်းချစ်ခဲ့တာ။နှောင်းကိုချစ်လွန်းလို့သူ့နေရာမှာခမိုင့်ကိုခဏအစားထိုးခဲ့တာ။နှောင်းနဲ့စသိတဲ့သူကကျွန်တော်ပါ။အဲတာကိုဘာလို့နှောင်းရဲ့ရွေးချယ်မှုကကျွန်တော်မဖြစ်နေရတာလဲ။နှောင်းပြောခဲ့သလိုဘဲကျွန်တော်ကအတ္တကြီးတယ်။ပြီးတော့နှောင်းပြောခဲ့ဖူးသလိုဘဲကျွန်တော်ကရူးနေတာ။အဟက်!အချစ်ရူးလေးပေါ့..."
ဧမင်းဝိုင်

"သူငယ်ချင်းတွေကပြောကြတယ်။Relationship တစ်ခုမှာစချစ်ပြီးပိုချစ်တဲ့သူကရှုံးတာဘဲတဲ့။အဲ့တုန်းကယုံတမ်းစကားလို့ထင်ခဲ့တာ။ဝိုင်နဲ့တွေ့ပြီးမှဘဲဒီစကားကကျွန်တော့်ကိုစောင်းပြောနေမှန်းသိတော့တယ်။ကျွန်တော်ကဝိုင်ဆိုတဲ့ကောင်လေးရဲ့အစားထိုးခံချစ်သူဖြစ်ခဲ့တာ..."
တုခမိုင်

Interlinear Where stories live. Discover now