Part-27

227 16 7
                                    

"ကျစ်..ခမိုင်မင်းကိုငါအဲတာတွေစိတ်ညစ်တာသိလား။မနက်ဖြန်ငါမအားဘူး"

"ဝိုင်...မင်းမေုနေပြန်ပြီလား...မနက်ဖြန်ဘာနေ့လဲဆိုတာ"

"ဘာနေ့မို့လို့လဲ"

ကျွန်တော်သိတာပေါ့။ဝိုင်မေ့နေတယ်ဆိုတာ..အာ...မဟုတ်ဘူး...ဝိုင်မှတ်ကိုမမှတ်ထားတာ..

(ဝိုင်ရာ...ချစ်သူဖြစ်တာမနက်ဖြန်ဆို(၇)နှစ်ပြည့်ပြီ။မင်းဒီ(၇)နှစ်လုံးမမှတ်ထားတဲ့နေ့ပြန်ရောက်လာပြီ..)

"လုပ်ပါဝိုင်ရာ..မနက်ဖြန်မနက်စောစောဘုရားသွားရအောင်နော်"

"ငါမင်းကိုတကယ်စိတ်ပျက်နေပြီခမိုင်။ငါပြောတာမင်းမရှင်းဘူးလား။ငါမနက်ဖြန်အလုပ်ရှိတယ်"

"ဘုရားသွားတာဘယ်လောက်မှမကြာဘူးလေ။(၁)နာရီလောက်ဘဲလေ"

"ဘုရားအဲ့လောက်သွားချင်နေလဲတယောက်ထဲသွားလေ။ငါ့ကိုမှအတင်းမခေါ်မနေရလား"

"ဟုတ်တယ်ဝိုင်။မခေါ်မနေရဘဲ"

"အကြောင်းပြချက်က.."

"မင်းမေ့နေရင်ငါပြောပြမယ်ဝိုင်။မနက်ဖြန်မင်းနဲ့ငါ့ရဲ့ချစ်သူသက်တမ်း(၇)နှစ်ပြည့်မို့လို့"

ခမိုင့်ရဲ့စကားကြောင့်ကျွန်တော်လှောင်ပြုံးလေးတချက်ပြုံးလိုက်မိတယ်။ခမိုင်မြင်မှာတော့မဟုတ်ဘူး။ဖုန်းပြောနေရင်းတယောက်နဲ့တယောက်ရဲ့မျက်နှာexpression ကိုမမြင်ရဘူးမလား...

"နော်..ဝိုင်"

"မင်းအရမ်းစကားများတယ်ခမိုင်"

"ငါစကားများနေတာမဟုတ်ဘူး။တောင်းဆိုနေတာ"

"ငါမနက်ဖြန်လည်းမအားဘူး။အခုလည်းမအားဘူး။ဒါဘဲ"

ကျွန်တော်ပြန်ပြောမှာကိုတောင်နားမထောင်တော့ဘဲဝိုင်ကဖုန်းချသွားပြီ။ဝိုင်အရင်လိုမဟုတ်တော့တာကိုကျွန်တော်ကောင်းကောင်းသတိထားမိတယ်။အရင်တုန်းကဆိုဝိုက်မေ့နေလို့ကျွန်တော်သတိပေးရင်လက်ခံပေးတယ်။anniversary နေ့လေးကိုမေ့နေ့ခဲ့တဲ့အတွက်လည်းတောင်းပန်ပေးတယ်။ဒီတခေါက်ဝိုက်ရန်ကုန်ပြန်ရောက်လာကတည်းကကျွန်တော်နဲ့ဝိုက်အဆင်ပြေတဲ့နေ့ဆိုတာမရှိငလောက်ကိုရှားလာပြီ။ ကျွန်တော့်ဘပ်ကဝိုက်နဲ့ပြဿနာမဖြစ်အောင်နေလည်းပြဿနာကတစ်ခုမဟုတ်တစ်ခုဖြစ်နေတာ...

Interlinear Where stories live. Discover now