နှောင်းခန့်တယောက်ဟင်းချက်နေတုန်းအနောက်ကနေခါးကိုသိုင်းဖက်ခြင်းခံလိုက်ရတာကြောင့်ပြုံးလိုက်မိတယ်။
"ဗိုက်ဆာနေပြီလားမောင်"
မောင်ကကျွန်တော့်ပုခုံးပေါ်မှာမှေးလေးတင်ပြီး
"မဆာသေးဘူးအကို။ဟင်းနံ့လေးကအရမ်းမွှေးတာကြောင့်ရယ်မောင့်အိမ်ရှင်ထီးလေးကမတရားချစ်စရာကောင်းနေတာကြောင့်ဒီတိုင်းဝင်လာတာ"
"အပိုတွေအရမ်းပြောတယ်နော်။ဖယ်တော့။ကျက်ပြီ။ဟိုမှာထိုင်စောင့်နေယူလာပေးမယ်"
"No...No...ဒီတိုင်းလေးဘဲလုပ်"
ကျွန်တော်သက်ပြင်းချလိုက်ပြီး
"မောင်...မင်းအဲလိုလိုက်ဖက်ထားမှတော့ငါဘယ်လိုလုပ်လို့ရမှာလဲ"
"အဲတာဆိုလည်းမလုပ်နဲ့တော့"
"မောင်.."
ကျွန်တော်စိတ်မရှည်သလိုလေးခေါ်လိုက်မှမောင်ကဖက်ထားရာကနေလွှတ်လိုက်ပြီးမျက်နှာလေးစူပုပ်ပုပ်နဲ့
"ပြီးရောအဲတာဆိုလည်း"
ဆိုပြီးဟင်းခွက်တွေဝိုင်းသယ်ပေးနေပါတယ်။ကျွန်တော်တို့ညစာစားနေရင်းမောင်က
"ဒါနဲ့အသက်ဒီနေ့သွားကြိုတဲ့ဇေယျသူငယ်ချင်းနဲ့ရောအဆင်ပြေလား"
"အင်းပြေတယ်။ဒါပေမဲ့ဇေယျသူငယ်ချင်းဘဲမဟုတ်ဘူး။ငါ့သူငယ်ချင်းလည်းဟုတ်တယ်"
"ဟင်...အကိုတို့ကခင်သွားကြပြီပေါ့"
"ငါလူတယောက်ကိုလွယ်လွယ်မခင်တတ်တာမင်းလည်းသိတာဘဲ။အခုဟာကငါနဲ့(၇)တန်းလောက်ကတည်းကခင်လာတဲ့သူငယ်ချင်း...အင်...သူနဲ့အဆက်အသွယ်မရတာတောင်၇နှစ်၈နှစ်လောက်ကြာသွားပြီးမှပြန်တွေ့တာ"
"ဧမင်းဝိုင်ဆိုတဲ့သူလားအကို"
"ဟင်....မင်းနဲ့ရောသိနေတာလား"
"မခင်ပါဘူး။အကိုအရင်ကတခါပြောပြဖူးလို့"
"ဟုတ်လားငါတောင်မေ့နေပြီ"
"အဲဒီတော့...အကိုကသူ့ကိုလိုက်ပို့ပေးလိုက်တယ်ပေါ့"
"အင်း...အဲတာသူနဲ့လည်းမနက်ဖြန်တွေ့ဖို့ချိန်းထားသေးတယ်"
YOU ARE READING
Interlinear
RomanceMain character တွေကိုအသာပေးတဲ့30%base on true story လေးပါ။ ☀️🌻လင်းပြည့်ဦး☀️🌻 ☀️🌻နှောင်းခန့်မှူး☀️🌻