"ဘာ!!!!"
"ဟုတ်ပါတယ်ဘော့စ်။ဘော့စ်ကိုပုံတွေပို့နေတဲ့ဖုန်းနံပါတ်ပိုင်ရှင်ပြောတာတော့သူဘာမှမသိဘူးတဲ့။သူ့ကိုလူတယောက်ကဖုန်းဆက်ပြီးပုံရိုက်ခိုင်းတယ်တဲ့ပြီးတော့ဘော့စ်နဲ့နောက်တယောက်ကိုပို့ခိုင်းသေးတယ်။ပို့ပြီးတာနဲ့သူ့ဆီငွေလွှဲပေးတယ်လို့ပြောပါတယ်ဘော့စ်။ပြီးတော့ဒီပုံထဲကလူနှစ်ယောက်လုံးကိုသူမသိဘူးတဲ့။ပြီးတော့နှစ်ယောက်လုံးကလည်းအဲ့နေ့တွေမှာပြဿနာတွေတက်နေခဲ့တာတဲ့။သူ့ဆီဖုန်းဆက်ပြီးပုံတွေရိုက်ခိုင်းတဲ့လူရဲ့ဖုန်းနံပါတ်ကိုခြေရာခံကြည့်လိုက်တော့ကိုနှောင်းတို့ဆေးရုံကိုတလောကမှရောက်လာတဲ့male nurseဧမင်းဝိုင်လို့သိရပါတယ်ဘော့စ်။"
"ဘာ..."
ဝိုင်ကဘာလို့အခုလိုတွေလုပ်ခိုင်းနေတာလဲ...
"ဒါကအသံဖိုင်အပြည့်အစုံပါဘော့စ်"
နေမျိုးပေးတဲ့stick လေးကိုကျွန်တော်ယူလိုက်ပြီး
"သွားလို့ရပြီ။ကျေးဇူးဘဲ"
"ဟုတ်ကဲ့ပါဘော့စ်"
ကျွန်တောါဒီအသံဖိုင်ကိုနားထောင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ကျွန်တော်stickကိုlaptop ထဲထည့်ပြီးplay မှာpressလို့နှိပ်လိုက်တာနဲ့ထွက်လာစကားသံတွေက...
"ငါ...ငါမင်းကိုအရမ်းအံ့ဩတယ်ဝိုင်။လူတယောက်ကိုတကယ်မချစ်ဘဲ(၇)နှစ်လုံးလုံးဘယ်လိုတွဲခဲ့လဲဟမ်!!!မင်းယောကျ်ားမဟုတ်ဘူးလားအဲလောက်တောင်ဘဲအတ္တကြီးရလားဟမ်။ငါလည်းမင်းကိုချစ်ခဲ့တယ်ဝိုင်။မင်းနဲ့အဆက်အသွယ်ပျက်သွားတဲ့နောက်ပိုင်းကျောင်းမှာငါတယောက်ထဲဘ်လောက်အထီးကျန်ခဲ့လဲသိလား။ငါ့အဖေနဲ့ပြဿနာတွေဖြစ်တိုင်းမင်းရဲ့အားပေးမှုတွေလိုအပ်ခဲ့တာ။ဒါပေမဲ့ငါမောင်နဲ့တွေ့ပြီးနောက်ပိုင်းမှာဒါတွေကစိတ်ကစားမှုသက်သက်ဆိုတာသိခဲ့ရတယ်။မောင့်ကိုဘဲငါချစ်တာ။မောင်ကဘဲငါ့ကိုချစ်တတ်လာအောင်သငပေးခဲ့တာ။မင်းလည်းငါ့လိုစိတ်ကစားခဲ့ဖူးတာဘဲနေမှာပါ။အခုချိန်မှာမင်းဘေးမှာရှိနေတဲ့သူကမင်းအတွက်အကောင်းဆုံးဘဲ.."
ကျွန်တော်အသံဖိုင်လေးကိုနားထောင်ပြီးမျက်ရည်ကျခဲ့ရတယ်။ကျွန်တော်မှားသွားပြီ။ကျွန်တော်အကို့ကိုမဟုတ်တာတွေစွပ်စွဲခဲ့မိတယ်။အကိုကကျွန်တော့်ကိုဘဲချစ်တာတဲ့။ကျွန်တော်ကြောင့်ဘဲအချစ်ကိုသိခဲ့တာတဲ့။ကျွန်တော်အရမ်းမှားသွားပြီ။အကို့အချစ်ကိုစော်ကားမိတယ်။
YOU ARE READING
Interlinear
RomanceMain character တွေကိုအသာပေးတဲ့30%base on true story လေးပါ။ ☀️🌻လင်းပြည့်ဦး☀️🌻 ☀️🌻နှောင်းခန့်မှူး☀️🌻