Part-30

249 17 6
                                    

"ဘော့စ်..ဒါကနောက်ဆုံးကျန်နေတဲ့စာရင်းပါ"

နေမျိုးပြောရင်းလက်ထဲကfile တချို့ကိုဘော့စ်ရဲ့စားပွဲပေါ်တင်ပေးလိုက်တယ်။ဘော့စ်ကိုကြည့်ရတာအခြေအနေသိပ်မဟန်ဘူး။အင်း...အလွမ်းနာကျနေတာနေမှာပေါ့။ဘော့စ်ကသူ့ချစ်သူနဲ့ခွဲချင်တာမဟုတ်ဘူး။ဒီရောက်နေခဲ့တဲ့သုံးရက်လုံးအစားလည်းကောင်းကောင်းမစား။အလုပ်လည်းကောင်းကောင်းမလုပ်ဘူး...အဲ...မဟုတ်ပါဘူး။အလုပ်ပေါ်လည်းစိတ်သိပ်မရောက်ဘူးလို့..

"နေမျိုး!"

ဘော့စ်ရဲ့အသံအကျယ်ကြီးခေါ်သံကြားမှ

"အဲ...ဗျာ.."

"မင်အတွေးတွေဘယ်ရောက်နေလဲ။ငါခေါ်တာမကြားရအောင်"

"ဘယ်...ဘယ်မှမရောက်ဘူးဗျ"

"ခဏနေflightနဲ့ပြန်ဖို့အားလုံးအဆင်သင့်လုပ်ထား"

"ဟုတ်ကဲ့ပါဘော့စ်"

နေမျိုးထွက်သွားမှကျွန်တော်အကို့ကိုဖုန်းခေါ်ကြည့်လိုက်တယ်။

*တူ...တူ...*
"လူကြီးမင်းခေါ်ဆိုသော..."

*တူ...တူ...*
"လူကြီးမင်းခေါ်ဆိုသော..."

ကျွန်တော်အကို့ဖုန်းကိုအဆက်မပျက်ခေါ်နေပေမဲ့အခုထိအကိုကဖုန်းမကိုင်သေးပါဘူး။ကျွန်တော်စိတ်ပျက်ပျက်နဲ့ဖုန်းကိုစားပွဲပေါ်ပစ်တင်လိုက်တယ်။
(၃)ရက်...(၃)ရက်လုံးအကို့ဘက်ကဖုန်းမခေါ်လာပါဘူး...

(အကိုရာ...နေနိုင်လိုက်တာ..)
————————————————
"ဟူး..."
ဒီနေ့ကျွန်တော်တနေကုန်မအားတာပါ..ဆရာဝန်ကြီးတွေကကျွန်တာ်တို့လို့surgeon doctor တွေကိုလက်တွေ့ပို့လုပ်ခိုင်းလို့တနေကုန်ကျွန်တော်မွေးခန်းထဲကမထွက်ရဘူး။

နှောင်းခန့်မှူးတယောက်duty coatကိုချွတ်ထားလိုက်ပြီးခုံပေါ်လှန်းထားလိုက်တယ်။စားပွဲပေါ်ကဖုန်းကိုscreen ဖွင့်ကြည့်လိုက်တော့missed callတွေအများကြီးကိုတွလိုက်ရတယ်။Contact က 'MG🌻'
နှောင်းခန့်မြန်မြန်ဘဲcall backပြန်လုပ်လိုက်ပေမဲ့

"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်..."

မောင်တခါမှဖုန်းကိုစက်မပိတ်ထားတတ်ပါဘူး..အစည်းအဝေးလုပ်နေရင်တောင်ဖုန်းဖွင့်ထားတတ်တဲ့မောင်ကအခုတော့...ဖုန်းbatterydownသွားလို့လား။ကျွန်တော်တွေးနေတုန်းnurseဆရာမတယောက်ကနားခန်းထဲပြေးဝင်လာပြီး

Interlinear Where stories live. Discover now