"ဒါဆိုအမေကျွန်တော်ပြန်တော့မယ်။မောင့်မိဘတွေဆီလဲဝင်ရအုန်းမှာမလို့"
"အေးပါကွယ်။သားအဖေကိုတော့ဘယ်လိုမှမထင်ပါနဲ့။သူကအတ္တနည်းနည်းကြီးတော့သားတို့ကိုလက်ခံပေးဖို့ကသူ့အတွက်အချိန်လိုနေသေးလို့ပါ"
"ရပါတယ်။အမေအခုလိုကျွန်တော်နဲ့မောင့်ကိုနားလည်ပေးရုံနဲ့ကျွန်တော်ကျေနပ်တာမို့လို့အမေစိတ်မပူပါနဲ့"
ကျွန်တော်ပြောလိုက်တော့အမေကခေါင်းလေးငြိမ့်နေတယ်။
"လေပြေလေးကိုကြီးသွားပြီနော်။ပျင်းရင်ကိုကြီးဆီလာလည်အုန်း"
"ဟုတ်ကဲ့ပါကိုကြီး။ဒါပေမဲ့အခုထိတော့ကျောင်းစာတွေနဲ့ပျင်းမဲ့အချိန်မရှိသေးဘူး...ဟီး"
ဟုတ်တာပေါ့အခုဆိုကျွန်တော့်ညီမလေးကဆေးကျောင်းပထမနှစ်တက်နေပြီ။တော်သေးတယ်သူဆေးကိုဝါသနာပါနေလို့။
"သား...နောက်လာရင်သားလင်းပြည့်ကိုလည်းခေါ်လာခဲ့အုန်း"
"ဟုတိကဲ့ပါအမေ။ဒီနေ့တောင်သူလိုက်မလို့ဘဲဒါပေမဲ့အစည်းအဝေးတခုပေါ်လာလို့"
"အေးပါကွယ်"
"ကိုကြီး...ကိုကြီးချစ်သူကိုသေချာဖွက်ထားနော်။ကိုလင်းကလေပြေတို့သူငယ်ချင်းတွေကြားအရမ်းနာမည်ကြီးတာ"
လေပြေလေးကပြုံးပြုံးစိစိနဲ့ကျွန်တော့်ကိုစလာခြင်းပါ။
"သူ့ကိုကဖွက်ထားစရာမလိုဘူး။သူ့အရာရာကကိုကြီးဖြစ်နေလို့စိုးရိမ်စရာမရှိဘူး"
"ဟာ...ကိုကြီးတို့များနော်"
"ဟား..ဟား...သွားတော့မယ်။စာကြိုးစားနော်"
"ဟုတ်ကဲ့ကိုကြီး"
ကျွန်တော့်အမေကကျွန်တော်တို့ကိုနားလည်ပေးလိုက်ပြီဆိုပေမဲ့အဖေကတော့အခုထိလက်မခံပေးသေးသလိုကျွန်တော့်ကိုလည်းခပ်တန်းတန်းဘဲဆက်ဆံတော့တယ်။လုံးဝအရေးမလုပ်တာမျိုးမဟုတ်ဘဲသူပြောသလိုလျစ်လျူရှုလိုက်တာပါ....
—————————————————
"ဝိုင်ရာ...ငါရှင်းပြနေပြီလေ။ငါတကယ်မေ့သွားလို့ပါကွာ...ငါတောင်းပန်ပါတယ်"
YOU ARE READING
Interlinear
RomanceMain character တွေကိုအသာပေးတဲ့30%base on true story လေးပါ။ ☀️🌻လင်းပြည့်ဦး☀️🌻 ☀️🌻နှောင်းခန့်မှူး☀️🌻