Part-10

302 21 6
                                    

"သား..သားကိုအခုတလောmommyကြည့်နေတာမျက်နှာလည်းသိပ်မကောင်းပါလား"
"ဟုတ်တယ်သား။daddyလည်းသတိထားမိတယ်။သူငယ်ချင်းတွေနဲ့တောင်ကြီးသွားမယ်။၁ပတ်ကြာမယ်ဆိုပြီး၂ရက်ထဲနဲ့တယောက်ထဲပြန်လာတယ်။ရောက်လာတဲ့နေ့ကတည်းကတမှိုင်မှိုင်တထွေထွေနဲ့။သားမှာဘာစိတ်ညစ်စရာတွေရှိနေလို့လဲ"
ကျွန်တော်တို့မိသားစုသုံးယောက်မနက်စာစားနေချိန်daddy နဲ့mommyကပြောလည်းခြင်းပါ။ကျွန်တော့်ပုံစံကdaddyတို့ရိပ်မိသွားတဲ့အထိကိုရုပ်ပျက်နေတာလား။
"ကျွန်တော်ဘာမှမဖြစ်ပါဘူးdaddyနဲ့mommy"
"ဟုတ်လို့လားသားရယ်။မာမီ့သားကအရင်လိုလန်းလန်းဆန်းဆန်းနဲ့တက်ကြွတဲ့လူငယ်တယောက်မဟုတ်တော့တာတောင်ဘာမှမဖြစ်ဘူးတဲ့လား။"
"သား..သားကိုဒယ်ဒီတို့ငယ်ငယ်ကတည်းကဘယ်လိုပြုစုပျိုးထောင်လာလဲသိတယ်မလား။သားပြောတဲ့စကားတိုင်းကိုဒယ်ဒီတို့ကသေချာနားထောင်ပေးတယ်။ပြီးတော့သားရဲ့ဆုံးဖြတ်ချက်တိုင်းကိုဒယ်ဒီတို့ကလေးစားတာမို့သားအခုဖြစ်နေတာတွေအဆင်မပြေတာတွေအားလုံးပြောပြလို့ရတယ်"
"ကျွန်တော်တကယ်ဘာမှမဖြစ်ပါဘူး။ဒယ်ဒီနဲ့မာမီကိုစိတ်ပူအောင်လုပ်မိလို့တောင်းပန်ပါတယ်"
"တောင်းပန်စရာမလိုဘူးသား။သားမပြောချင်သေးလည်းရတယ်။ဒါပေမဲ့ဒယ်ဒီမေးတာကိုတော့ဖြေပေးမယ်မလား"
ကျွန်တော်ဒယ်ဒီ့ကိုမော့ကြည့်လိုက်မိတယ်။
"သားသူငယ်ချင်းတွေနဲ့အခုရက်ပိုင်းအဆင်ပြေလား"
"ဟုတ်ကဲ့ပြေပါတယ်ဒယ်ဒီ"
"နှောင်းခန့်နဲ့ရော"
"ဗျာ"
"ဒယ်ဒီမေးတာကသားနဲ့နှောင်းခန့်နဲ့အဆင်မပြေဖြစ်တာတွေရှိသေးလားလို့"
"မ..မရှိပါဘူးဒယ်ဒီ"
"သား..ဒယ်ဒီကိုကြည့်"
ကျွန်တော်ဒုတိယအကြိမ်ဒယ်ဒီ့ကိုမော့ကြည့်လိုက်မိတော့ဒယ်ဒီကကျွန်တော့်ကိုပြုံးပြလာတယ်။
"သား..သားက ဒယ်ဒီ့သား။အဲတာကြောင့်သားမှာတခုခုပြောင်းလဲတာနဲ့ဒယ်ဒီတို့ကသိတယ်။ပြီးတော့သားမလိမ်တတ်တာကိုလည်းဒယ်ဒီတို့သိတယ်။ဒယ်ဒီတို့မသိတာကသားရင်ထဲမှာဘာတွေဖြစ်နေတာလဲဆိုတာဘဲ။သားကလိမ္မာပါတယ်။ဒယ်ဒီတို့ကိုပြောပြမယ်မလား"
ကျွန်တော်အခုခံစားနေရတာတွေကိုပြောပြလိုက်သင့်လား။တယောက်ထဲကြိတ်ခံစားနေရတာထက်စာရင်ကျွန်တော့်ကိုအရာရာနားလည်ပေးတဲ့ဒယ်ဒီနဲ့မာမီကိုပြောပြလိုက်သင့်တယ်မလား။
"ဒယ်ဒီနဲ့မာမီကိုကျွန်တော်တောင်းပန်ပါတယ်။အခုကိစ္စတွေကိုပြောပြလိုက်လို့ကျွန်တော့်ကိုသားအဖြစ်ကစွန့်လွှတ်ချင်တယ်ဆိုလည်းကျွန်တော်ခံပါ့မယ်။ကျွန်တော်...ကျွန်တော်..အကို့ကိုချစ်လို့ချစ်တယ်လို့ဖွင့်ပြောမိတယ်ဒယ်ဒီ။ဒါပေမဲ့ဗျာ..အကို...ကကျွန်တော်...ကျွန်တော့်ကိုမချစ်ဖူးတဲ့။ကျွနေ်တာ်တကယ်ခံစားရတယ်။ကျွန်တော်အကို့ကိုတကယ်ချစ်တာဗျာ..."
အလိုက်မသိတဲ့မျက်ရည်တွေကဒယ်ဒီနဲ့မာမီရှေ့မှာအဆက်မပြတ်ကျဆင်းလာခဲ့တယ်။
"ဪ..သားရယ်အတွေးခေါင်လိုက်တာ..ဒီကိစ္စလေးနဲ့ဘာလို့မာမီတို့ကသားကိုသားအဖြစ်ကစွန့်လွှတ်ရမှာလဲ"
မာမီကကျွန်တော်ကိုဖက်ပြီးပြောလာခဲ့တယ်။ကျွန်တော်မာမီတို့ရဲ့နားလည်ပေးနိုင်မှုကြီးကိုသိလိုက်ရတယ်။သူတို့ရဲ့တဦးတည်းသောသားကgay ဆိုတာသိသွားတာတောင်တချက်မှမျက်နှာပျက်မသွားကြဘူး။
"သား...ဒယ်ဒီပြောမယ်။သားအခုလိုတွေဖြစ်နေတာနှောင်းခန့်လေးကငြင်းလိုက်လို့ပေါ့ဟုတ်လား"
"တောင်းပန်ပါတယ်ဒယ်ဒီ"
ကျွန်တော်မျက်ရည်တွေကိုသုတ်ပြီးတောင်းပန်စကားဆိုမိတယ်။
"သား..အခုဒယ်ဒီပြောမဲ့စကားတွေကိုသေချာနားထောင်နော်။သားနှောင်းခန့်ကိုချစ်လို့ချစ်တယ်ပြောတာသားအမှားမဟုတ်ဘူး။ပြီးတော့သားယောကျ်ားလေးတယောက်ကိုချစ်နေတာလဲဒယ်ဒီတို့စိတ်မဆိုးသလိုသားကိုသားအထြစ်ကနေလဲမစွန့်လွှတ်ဘူး။သားကိုဒယ်ဒီတို့နားလည်တယ်။ဒါပေမဲ့နှောင်းခန့်လေးဘက်ကနေလည်းတွေးကြည့်လေ။သူသားကိုငြင်းတယ်ဆိုတာသူ့မှာလည်းသူ့အကောင်းပြချက်နဲ့သူရှိမှာပေါ့။ဒယ်ဒီပြောချင်တာကသူလည်းတွေးမိမှာဘဲ။သူ့မိဘအသိုင်းအဝိုင်းတွေ၊ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေကိုလေ"
"မ..မဟုတ်ဘူးဒယ်ဒီ..ကျွန်တော်သိတယ်။အကိုကျွန်တော့်ကိုချစ်ရဲ့သားနဲ့ညာနေတာ"
"ဟုတ်ပြီ။သူညာနေတာဆိုလည်းသူသားဘက်ကိုစဉ်းစားပေးပြီးညာနေတာလဲဖြစ်နိုင်တယ်လေ။ဒယ်ဒီတို့လက်မခံမှာသူတွေးပြီးချစ်တာကိုဖုံးကွယ်ထားတာမျိုးလည်းဖြစ်နိုင်တယ်လေ"

Interlinear Where stories live. Discover now