Part-7

282 26 2
                                    

အခုဆိုအလင်းသင်တန်းမလာတာ၁ပတ်ရှိသွားပြီ။ကျွန်တော့်ကိုအဆက်အသွယ်ဖျက်သွားတာလဲ၁ပတ်ရှိပြီ။အလင်းဘာတွေလုပ်နေလဲ။အလင်းဘာတွေမအားလို့ကျွန်တော့်ကိုမဆက်သွယ်တာလဲ။ပုံမှန်ဆိုကျွန်တော့်ဘက်ကသူ့ကိုစမဆက်သွယ်ပေမဲ့ဒီနေ့တော့သူ့ကိုဖုန်းဆက်ကြည့်ဖို့ဆုံးဖြတ်မိတယ်။Contact ထဲက 'Light'...

"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်..."

ကျွန်တော်နောက်တခေါက်ထပ်ခေါ်မိတယ်။

"လူကြီးမင်း..."

အမှတ်မရှိကျွန်တော်ပြန်ခေါ်နေမိတယ်။

"လူကြီးမင်း..."

ကျွန်တော်မျှော်လင့်တာလူကြီးမင်းမဟုတ်ဘူးလေဗျာ..

(အလင်းရာမင်းဘာတွေလုပ်နေလို့ငါ့ကိုအဆက်အသွယ်ဖျက်ထားရတာလဲကွာ..)

ကျွန်တော်ရန်အေးကိုမေးကြည့်သင့်လား။တကယ်လို့မေးလိုက်ရင်ရောသူတို့ကျွန်တော့်ကိုဘယ်လိုထင်မလဲ။မေးကြည့်လိုက်တာကျွန်တော့်အတွက်အရှုံးမရှိဘူးမလား။ဒီတခါတော့contact ထဲက 'ရန်အေး'...

*တူ..တူ*

"Hello ကိုနှောင်း"

"အေးရန်အေးငါမေးစရာရှိလို့"

"ဟုတ်ကဲ့ကိုနှောင်း"

"အခုတလောအလင်းနဲ့အဆက်အသွယ်ရသေးလား"

"လင်းပြည့်နဲ့လား။ရပါတယ်မနေ့ညကတောင်သူနဲ့line ပေါ်မှာတွေ့ဖြစ်သေးတယ်"

"မနေ့ည?"

"ဟုတ်တယ်။ဘာလို့လဲကိုနှောင်း"

"ဘာမှမဟုတ်ပါဘူး။ငါသူ့ကိုဒီတိုင်းဖုန်းခေါ်တာသူ့ဖုန်းကစိတ်ပိတ်ထားလို့"

"ဟုတ်လား။သူအခုရှမ်းပြည်ရောက်နေတာကိုနှောင်း"

"ရှမ်းပြည်?"

"ဟုတ်ကဲ့။သူကိုနှောင်းကိုမပြောပြဘူးထင်တယ်။သူအဲ့ကိုရောက်နေတာတပတ်လောက်ရှိပြီ။နောက်၃ရက်လောက်ဆိုပြန်လာမယ်ပြောတယ်။ကိုနှောင်းကိုဆက်သွယ်ဖို့ကျွန်တော်ပြောပေးရမလား"

"နေ...နေ...မပြောနဲ့တော့။ဒါနဲ့သူသွားလိုက်တာမင်းတို့အားလုံးသိနေတာလား"

Interlinear Where stories live. Discover now