မောင်နဲ့ကျွန်တော်အခုလာနေကျပန်းခြံမှာ။ချစ်သူဖြစ်ပြီးနှစ်ယောက်ထဲခဏခဏလာနေကြနေရာလေးဆိုလည်းမမှားပါဘူး။ပြောစရာရှိလို့ဆိုပြီးခေါ်လာတဲ့မောင်ကအခုထိဘာမှမပြောသေးဘူး။ကျွန်တော့်ပေါင်လေးကိုခေါင်းအုံးလေးလုပ်ပြီးမြက်ခင်းစိမ်းမှာလှဲနေတာအခုဆိုနာရီဝက်လောက်ရှိနေပြီ။ကျွန်တော်မောင့်ဆံပင်လေးတွေကိုဖွဖွလေးပွတ်ပြီး
"မောင်"
"ဗျာ"
"ပြောစရာရှိတယ်ဆို"
"အင်း"
"မပြောတော့ဘူးလား။မင်းအခုလိုဇိမ်ခံနေတာနာရီဝက်လောက်ရှိနေပြီဆိုတာသိလား"
"သိပါတယ်အကို။ကျွန်တော်အကို့ပေါင်ပေါ်အိပ်ပြီးအကို့ရဲ့လက်နုနုလေးတွေနဲ့ကျွန်တော့်ဆံပင်တွေကိုထိုးဖွနေတာခံရတဲ့အချိန်ကိုအရမ်းကြိုက်တယ်"
မောင့်စကားမှာကျွန်တော်ပြုံးမိပါတယ်။
"အကို"
"ဟင်"
"ကျွန်တော့်ဒယ်ဒီကုမ္မဏီကအခုprojectအသစ်တခုလုပ်ဖို့ရှိတယ်။အဲတာကိုဒယ်ဒီကလူအသစ်နဲ့လုပ်ကြည့်ချင်တယ်လို့ဝန်ထမ်းတွေကိုပြောတော့အားလုံးကကျွန်တော်နဲ့လုပ်ကြည့်ချင်တယ်လို့ဖြေကြတယ်တဲ့"
"ကောင်းတာပေါ့။မင်းလည်းစီးပွါးရေးဝါသနာပါတာနဲ့ဆိုတော့။မင်းအတွက်အခွင့်အရေးလို့ငါထင်တယ်"
"အင်း..ကျွန်တော်လည်းအဲလိုဘဲထင်တယ်အကို။ဒီproject အဆင်ပြေသွားရင်ရမဲ့အကျိုးအမြတ်ကကျွန်တော့်အတွက်ဘဲတဲ့။ဒါမဲ့ကျွန်တော်စိုးရိမ်တယ်အကို"
"စိုးရိမ်စိတ်တွေအရမ်းမများပါနဲ့မောင်ရာ..မင်းကတော်ပြီးသားဘဲ။မတော်တဆတစ်ခုခုလွှဲချော်သွားရင်တောင်မင်းမှာတခြားအခွင့်အရေးတွေရှိလာအုန်းမှာ။ငါပြောတာနားလည်တယ်မလား။"
"ဟုတ်။ဒါနဲ့ဒီproject အဆင်ပြေသွားရင်ကောင်းမယ်နော်"
"အင်း..မင်းရဲ့ပထမဆုံးproject ဆိုတော့အဆင်ပြေသွားရင်အကောင်းဆုံးပေါ့"
"ဟုတ်တယ်။ပြီးတော့ရမဲ့အကျိုးအမြတ်ကမနည်းဘူးလေ"
ကျွန်တော်အဲလိုပြောလိုက်တော့အကိုကမျက်မှောင်လေးကြုံ့ပြီးကျွန်တော့်ကိုငုံ့ကြည့်လာခဲ့တယ်။
"မင်းဘာလို့ငွေတွေအဲလောက်မက်နေတာလဲမောင်"
ကျွန်တော်အကို့ရဲ့မေးခွန်းကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိတယ်။
"အကို့အတွက်လေ"
"ငါ့အတွက်?ငါမင်းကိုတခါမှပိုက်ဆံမရှာခိုင်းမိပါဘူး"
"ဪ..အကိုရာ..ကျွန်တော်ပြောတဲ့အကို့အတွက်ဆိုတာကကျွန်တော်နဲ့အကို့အနာဂတ်အတွက်လေ"
"အနာဂတ်အတွက်?"
အကိုကအံ့ဩနေတဲ့ပုံစံဖြစ်နေတာကြောင့်
"ဟာ..အကိုရာ..ဘာတွေအံ့ဩနေတာလဲ။ကျွန်တော်အခုကတည်းကကြိုးစားမှကျွန်တော်နဲ့အကိုဘဝတစ်ခုကိုအတူတူထူထောင်တဲ့အခါမှာအဆင်ပြေမှာပေါ့"
ကျွန်တော်မောင့်ကိုပြုံးပြုံးလေးငုံ့ကြည့်လိုက်မိတယ်။
"ကျေးဇူးတင်ပါတယ်မောင်။မင်းရဲ့အတွေးတိုင်းမှာငါရှိနေလို့"
"ကျေးဇူးတင်တယ်ဆိုရင်တော့ပိုချစ်ပေးပါဗျာ"
မောင်ကပြုံးပြုံးလေးပြန်ပြောလာတာပါ။မောင်ကအဲလိုဘဲကျွန်တော်ကျေးဇူးတင်စကားပြောတိုင်းဒီစကားလေးကိုပြန်ပြောနေကျ။
"အကို"
"ဟင်"
မောင်ကကျွန်တော့်ကိုခေါ်ပြီးဘာမှလည်းမပြောဘဲပြုံးပြုံးလေးကျွန်တော်နဲ့အကြည့်ချင်းဆုံနေပါတယ်။တအောင့်လောက်ကြာမှ
"ချစ်တယ်အကို"
"အင်း..သိတယ်"
ကျွန်တော်မောင့်ကိုပြုံးပြလိုက်တယ်။မောင့်ဘက်က 'ချစ်တယ်အကို' ဆိုတဲ့စကားကိုခဏခဏပြောပေးမဲ့ကျွန်တော်ကတော့ပြန်မပြောမိဘူး။ဒါမဲ့ကျွန်တော်လည်းမောင့်ကိုအရမ်းချစ်တယ်။
YOU ARE READING
Interlinear
RomanceMain character တွေကိုအသာပေးတဲ့30%base on true story လေးပါ။ ☀️🌻လင်းပြည့်ဦး☀️🌻 ☀️🌻နှောင်းခန့်မှူး☀️🌻